သူမပုံကို တက်တူးထိုးပြီး ရည်းစားစကားလာပြောတဲ့ ကောင်လေးကို ပညာသားပါပါနဲ့ ငြင်းခဲ့တဲ့အကြောင်း ပြောလာတဲ့ ချယ်ရီသင်း
ပရိသတ်ကြီးရေ …..
အဆိုတော် ချယ်ရီသင်းကတော့ သီချင်းကောင်းလေးတွေနဲ့ နာမည်ကြီးတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။
သီချင်းဆိုကောင်းသလို ရုပ်ရည်လည်းချောတဲ့ ချယ်ရီသင်းဟာ အမျိုးသားပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပြီး သူမကိုချစ်ကြိုက်လို့ လာပိုးပန်းကြသူတွေနဲ့လည်း ကြုံရတာပဲဖြစ်ပါတယ်။
ဒီတခါမှာလည်း ချယ်ရီသင်းက သူမရဲ့ပုံကို တက်တူးထိုးပြီး ရည်းစားစကား လာပြောတဲ့ကောင်းလေးတစ်ယောက်နဲ့ ကြုံခဲ့ရကြောင်း ပြောလာပါတယ်။
ချယ်ရီသင်းက “ကိုယ့်ပုံကို တတ်တူးထိုးပြီး ရည်းစားစကားပြောတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။
ကျမဘာပြောလိုက်လဲဆိုတော့ မျက်နှာမပါသေးလို့ နောက်မှဆက်ပြောမယ် ပြောလိုက်တာ ၁ လ လောက်နေ့တိုင်း Morning ပို့တာ
အခုအဲ့လိုပြောလိုက်တော့ ဆရာသမားက အခုထိ ပေါ်မလာတော့ဘူး အဖြေရတော့မှမျက်နှာထည့်မယ့်သဘော
-ဒီကလည်းမတုံးဘူးလေ မျက်နှာ အရင် ထည့်ခိုင်းပြစ်တာ အနည်းဆုံးတော့ ကိုယ်အဖြေပြန်မပေးရင်တောင် သူနဲ့တကယ်ကြိုက်မဲ့ကောင်မလေးနဲ့ ရန်ဖြစ်ပါစေဆိုပြီးလေး
စိတ်ထားကောင်းလေးတခုပေါ့ချစ်တို့ရေ🤣”ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
ချယ်ရီသင်းကတော့ သူမပုံကို တက်တူးထိုးပြီး ရည်းစားစကားပြောလာတဲ့ကောင်လေးကို ပညာသားပါပါ ငြင်းလိုက်တာပဲ ဖြစ်ပါတယ်။
ချယ်ရီသင်းက အခုအချိန်အထိ အချစ်ရေးကို မစဉ်းစားသေးဘဲ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။
Leave a Reply