မွေးနေ့ရှိုးမှာ သူမထက် သူမရဲ့အမျိုးသားက ပရိသတ်စိတ်ဝင်စားမှုကိုပိုရပြီး ပေါက်နေတယ်လို့ အရွှန်းဖောက်လာတဲ့ ယွန်းမြတ်သူ

ပရိသတ်ကြီးရေ …..

အဆိုတော်မလေး ယွန်းမြတ်သူကတော့ ယနေ့ခေတ် လူငယ်တွေကြားထဲမှာ အအောင်မြင်ဆုံး တေးသံရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ယွန်းမြတ်သူဟာ ပရိသတ်တွေရဲ့ခံစားချက်နဲ့ကိုက်ညီတဲ့ အသည်းကွဲသီချင်းတွေကို အများဆုံးသီဆိုပေမယ့် သူမရဲ့အိမ်ထောင်ရေးကတော့ အဆင်ပြေ ချောမွေ့ပြီး ပျော်ရွှင်မှုတွေ ပြည့်နှက်နေတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်မှာတော့ ယွန်းမြတ်သူက သူမရဲ့ အသက် ၂၅ နှစ်ပြည့်မွေးနေ့အမှတ်တရရှိုးပွဲလေးကို သီဆိုခဲ့ပါတယ်။

အဆိုပါပွဲလေးမှာ ယွန်းမြတ်သူရဲ့ အမျိုးသားက ယွန်းမြတ်သူကို စတိတ်စင်ရှေ့ကနေပြီး အားပါးတရ အားပေးခဲ့ရာ အဆိုပါ ဗွီဒီယိုလေးက ပရိသတ်တွေကြားမှာ ပျံ့နှံ့နေပြီး သဘောကျခံနေရတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် ယွန်းမြတ်သူက “စန်းလေး နည်းနည်းမျှပါဦး ယွကျားရေ😂 ❤️ သူအပေါက်ဆုံးပဲ ပွဲမှာ😍”ဆိုပြီး ခင်ပွန်းဖြစ်သူကို စနောက်လာပါတယ်။

ယွန်းမြတ်သူကတော့ သူမခင်ပွန်းက စတိတ်စင်ရှေ့ကနေပြီး အားပေးနေတဲ့ ဗွီဒီယိုလေးကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတင်ခဲ့ရာ ဗွီဒီယိုလေးက ကြည့်ရှုသူတွေ သိန်းချီနေပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက်လည်း ယွန်းမြတ်သူတို့ ဇနီးမောင်နှံရဲ့ တစ်ယောက်ကိုတစ်ယောက် ချစ်တတ်ပုံလေးကလည်း တကယ့်ကို အားကျစရာပါပဲနော်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *