မန္တလေး၌ ရွှေပြည်စိုးစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း တောင်သမန်အင်းတွင် တော်လှန်ရေး အလံလွှင့်ထူ အသိပေး
မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် ရွှေပြည်စိုးစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း၊ မန္တလေးခရိုင် တပ်ရင်းက တောင်သမန်အင်းတွင် တော်လှန်ရေးအလံလွှင့်ထူကာ အသိပေးခဲ့ကြောင်း သိရသည်။
နို၀င်ဘာ ၁၃ ရက်၊ မွန်းလွဲ ၁နာရီခန့်တွင် တောင်သမန် ကန်ဘောင်နှင့် ရတနာပုံ ဘက်သွားသည့် ပန်းခြံတို့ တွင် တော်လှန်ရေးအလံတော်၊ ရွှေပြည်စိုး အလံ နှင့် တပ်ရင်း၄ရင်း အလံများကို လွှင့်ထူပြီး စာရွက်များ ကြဲခဲ့ကြောင်း မန္တလေးခရိုင်တပ်ရင်း ၆ မှ ဒုတပ်ရင်းမှူး ဇင်ကြီးက ပြောသည်။
” ကျတော်တို့ ရွှေပြည်စိုး စစ်ဆင်ရေးမှာ ကြေညာထားသလိုပဲ တောင်သမန်မှာ အောင်လံ စိုက်မယ်ဆိုတဲ့ အတိုင်း တောင်သမန်မှာ အောင်လံ လွှင့်ထူခဲ့ပြီး ပလစ၂ ထဲကိုပါ လေယာဉ်ထိုးချပြီး စစ်ရေးဖော်ဆောင်ခဲ့ပါတယ်၊ တောင်သမန် ကန်ပတ်လမ်းတစ်လျှောက်မှာ စာရွက် ၅၀၀၀ လောက် ကြဲခဲ့ပါတယ်၊ ဒါက ပြည်သူတွေကို ရွှေပြည်စိုးစစ်ဆင်ရေး စပြီဖြစ်ကြောင်း သွယ်ဝိုက် ပြီး massage ပို့တဲ့ သဘောပါ ” ဟု ၎င်းက ပြောသည်။
ထို့အတူ နိုဝင်ဘာ ၁၃ရက်၊ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်တွင် အမရပူရမြို့နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မန္တလေးတိုင်းရုံး၏ အရှေ့ဘက်ရှိ အမှတ် ၂ ပင်မ အလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ အရာရှိအိမ်ရာ များကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုကဲ့သို့ PDFတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုများကြောင့် စစ်ကောင်စီတပ်များသည် အမရပူရမြို့နယ်အတွင်း ကင်းပုန်းများ ချထားခြင်း၊ ညအချိန်တွင် သေနတ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
” ခုနှစ်နာရီလောက်ဖြစ်မယ်၊ သေနတ်သံတွေက ဆက်တိုက်ကို ကြားနေရတာ၊ ပလစတပ် ဝန်းကျင်ဘက်ကရော၊ တံခွန်တိုင်ဘက်ကရော၊ ပလစ ၂ တပ်ကို နေ့လယ်က ရွှေပြည်စိုးက ဒရုန်းနဲ့ ဗုံးခွဲခဲ့တော့ အကုန်လုံးလုံခြုံရေး တပ်လှန့်ထားတယ်လို့တော့ ကြားမိတယ်၊ တံခွန်တိုင်းအဝိုင်းမှ ကျွဲဆည်ကန်းနားထိ ကင်းပုန်းတွေလည်း ချထားတယ် ” ဟု အမရပူရမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရွှေပြည်စိုး စစ်ဆင်ရေးစတင် ဖော်ဆောင်ခဲ့ခြင်းအား မန္တလေးခရိုင်တပ်ရင်းများဖြစ်ကြသည့် မန္တလေးခရိုင်တပ်ရင်း ၃၊မန္တလေးခရိုင်တပ်ရင်း ၄၊ မန္တလေးခရိုင်တပ်ရင်း၅၊မန္တလေးခရိုင်တပ်ရင်း၆ စသည့် တပ်ရင်းများမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီ ဖြစ်ကြောင်း မန္တလေး ညီနောင်တပ်ပေါင်းစုက ပြည်သူများကို အသိပေး
စစ်တပ်၏ ပလစ ၂ တပ်ဝင်းနှင့် ယာဉ်သိုလှောင်တပ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲပြီး တောင်သမန်တွင် အောင်လံစိုက်ထူ၍ စစ်ဆင်ရေး စတင်
မန္တလေးမြို့ကို သိမ်းပိုက်မည့် ရွှေပြည်စိုး စစ်ဆင်ရေး စတင်ပြီ ဖြစ်ကြောင်း မန္တလေး ညီနောင်တပ်ပေါင်းစုက မန္တလေးမြို့ထဲတွင် စာရွက်များကျဲပြီး ပြည်သူများကို အသိပေးခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၄ တပ်ရင်းမှူး ဗိုလ်တာတေက ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရွှေပြည်စိုးစစ်ဆင်ရေးကို စတင်သည့် အနေဖြင့် မန္တလေးမြို့၊ သဘာဝပတ်ကျင် ထိန်းသိမ်းရေး မန္တလေးတိုင်းရုံး၏ အရှေ့ဘက်ရှိ အမှတ် ၂ ပင်မ အလုပ်ရုံ လျှပ်စစ်ဌာနနှင့် တမာတန်းရှိ ယာဥ်သိုလှောင်ရေး တပ်ဝင်းထဲကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တောင်သမန်လမ်းမပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF အလံတော်ကိုလည်း စိုက်ထူခဲ့ကြောင်း သိရသည်။
“ရွှေပြည်စိုးစစ်ဆင်ရေး ဒီနေ့ စတင်ပါပြီ၊ အခုလက်ရှိ မန္တလေးမြို့ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန မန္တလေးတိုင်းရုံးရဲ့ အရှေ့ဖက် ပလစ ၂ စစ်တပ်ဝန်းထဲကို ဗုံးကျဲပြီး တမာတန်းထိပ်က ယာဉ်သိုလှောင် ရေးတပ်ထဲကို လေယာဉ်ထိုးချထားပါတယ်၊ စစ်ခွေးတွေဖက်က အထိအခိုက် အပျက်စီးတော့ရှိပါတယ်၊
အတိကျတော့ မသိရသေးပါဘူး၊ တဆက်တည်းမှာပဲ တောင်သမန်မှာ အောင်လံလည်းစိုက်ထူနိုင်ခဲ့ပါ တယ်။ ပြည်သူတွေကို ရွှေပြည်စိုးစတင်လိုက်ပြီဆိုတဲ့အကြောင်းနဲ့ စကစ အထိုင်စခန်းတွေ၊ ဂိတ်စခန်းတွေနဲ့
ပြည်သူတွေ ဝေးဝေးနေဖို့ သွယ်ဝိုက် သတိပေးတဲ့အနေနဲ့ တောင်သမာန် ကန်ပတ်လမ်းတလျှောက်မှာ စာရွက်တွေကျဲချသတိပေးခဲ့တယ်” ဟု မန္တလေးခရိုင် တပ်ရင်း ၄ တပ်ရင်းမှူး ဗိုလ်တာတေက ပြောကြား သည်။
အဆိုပါစစ်ဆင်ရေးကို မန္တလေးညီနောင်တပ်ပေါင်းစုဖြစ်သည့် မန္တလေးခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅ နှင့် တပ်ရင်း ၆ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရွှေပြည်စိုးစစ်ဆင်ရေးစတင်လိုက်သည်ကို မိဘပြည်သူများအား အသိပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Leave a Reply