လက်ဖက်ခြောက် စိုးဝင်း လူလည်ကျပြီ

“စစ်တပ်ထဲ အကွဲအပြဲ ဇာတ်လမ်း”

စစ်တပ်ထဲမှာ လက်ရှိ စစ်ဆင်ရေးကို အဓိက ကိုင်တွယ်နေတာ လက်ဖက်ခြောက်ပဲ။ ကြင်စိုးက သွသူ ဘုရားတည်လိုက် ဆင်ဂွေးစိ သွားနှိုက်လိုက်နဲ့ ပျော်နေတာ။

တပ်ထဲမှာက ဆရာ တပည့်မွေးကြတာ ထုံးစံပဲ။ လက်နက်ကိုင်ထားကြသူတွေမို့ အရေးအကြောင်း ဆိုရင် ဗိုလ်ချုပ်တွေမှာလဲ သူတို့ကို သစ္စာခံတဲ့ တပ်တွေ ရှိဖို့ လိုသလို အောက်ခြေတပ်တွေမှာလဲ သေလမ်း မနီးရအောင် အထက်က ပိုင်ရာဆိုင်ရာတွေကို အသေအလဲ ကပ်ထားကြရတယ်။

အခု ဖြစ်နေတာက စိုးဝင်းရဲ့ ခါးပိုက်ဆောင်တပ် ခလရ-၈၅ က ရှေ့တန်းကို တစ်ရက်ပဲ အထွက်ပြပြီး ပြန်ဆုတ်သွားလို့ ကျန်တဲ့ တပ်တွေက ပေါက်ကွဲနေကြတာတဲ့။

သူတို့ ရေးထားတဲ့စာကို ဖတ်လို့ရအောင် မူရင်းနီးပါးအတိုင်း ပြန်တင်ပေးလိုက်တယ်။ ဖတ်ကြည့်ကြပေါ့။

‘စိုး၀င်း မအလ သိစေရန်’

မြန်မာတနှိင်လုံး စစ်ဆင်ရေး ထွက်ပီး နေ့ချင်း ပြန်လာတဲ့တပ် ဘယ်တပ် ရှိဘူးလဲ။ မအလ၊ စိုးဝင်းတို့ အဲ့လို တပ်ချင်း ခွဲခြားဆက်ဆံရင် ကျနော်တို့ဘက်ကလည်း ပညာပြဖို့ အဆင်သင့်

ခလရ ၈၅ တပ် ဒုချူပ်စိုးဝင်း တပည့်ရဲ့တပ် ဒီနေ့ နပတမှာရှိတဲ့ တပ်တွေကို ဂရုမစိုက်ပဲ စစ်စည်းကမ်း ချိုးဖောက်ပြီး မထီမဲ့မြင် အပေါက်မျိုးနဲ့ ရေတာရှည်အထက် တောင်ပေါ်ကို အတက်ပြပြိီး နေ့ချင်း ပြန်ဆင်းသွားတယ်။

ကျနော်တို့တပ်တွေက တောင်ပေါ်မှာ နှစ်ပေါက်နေပြီ။ တချို့တပ်တွေဆို ၁၀ လကျော် တစ်နှစ်နီးပါး ရှိနေပြီ။ မြန်မာတစ်နိုင်ငံလုံး စစ်ဆင်ရေး ထွက်ပြီး နေ့ချင်း ပြန်လာတဲ့တပ် ဘယ်တပ် ရှိဘူးလဲ?

မအလ လုံခြံရေးစောင့်တဲ့ နပတ အတွင်း လမ်းဘေးမကျန် မအလ သမ္မတအိမ် သွားတဲ့ လမ်းကြောင်းကအစ အဖားကောင်းတဲ့တပ်တွေ သက်သာလိုက်တာ။ အဲ့လို ခွဲခြားဆက်ဆံလို့ အလံဖြူတွေထောင် လက်နက်ချနဲ့ ကျနော်တို့တပ်တွေလည်း လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရတော့မယ်။ အသက်က အပိုမပါဘူး

အဲတော့ တစ်နိုင်ငံလုံးက တပ်တွေနဲ့ မအလ စိုး၀င်း သိဖို့က စစ်ဆင်ရေး နေ့ချင်း ပြန်ရတဲ့တပ် မြန်မာတစ်နိုင်ငံလုံးမှာ ခလရ ၈၅ တပ်ရင်းပဲ ရှိတာ။

အားလုံးသိပြီး မိမိအသက်အတွက် လုပ်သင့်တာ လုပ်ကြပါ ကျနော်တို့ အသက်ပေးနေရတာ အလကားပဲ။ ကိုယ်လည်း လုပ်သင့်တာ လုပ်တော့မယ်။

+—–+++++—–+

အပေါ်မှာ ရေးထားတာက စစ်တပ်ထဲမှာ လက်ရှိ ဖြစ်နေတဲ့ စစ်တပ်အတွင်းက မညီမျှမှု အခြေအနေကို မခံစားနိုင်တဲ့ စစ်သည်တစ်ယောက်က ရေးထားတာပါ။

လမ်းမှန်ကို အမြန် ရှာတွေ့ကြပါစေလို့ပဲ…။


Comments

Leave a Reply

Your email address will not be published. Required fields are marked *