အနုပညာအလုပ်၊ ပရဟိတအလုပ်တွေနဲ့ အချိန်တွေလုနေရတဲ့ကြားထဲမှာမှ ချစ်သူကိုလည်း အချိန်ပေးဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ …..

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ စိတ်ထားလေးရော နှလုံးသားပါလှတဲ့မင်းသမီးအဖြစ် ပရိသတ်တွေပေးတဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ရရှိထားသူတစ်ယောက်ပါ။

ခိုင်နှင်းဝေဟာ ရင်းသွေးလေးများဂေဟာကို ဖွင့်လှစ်ထားပြီး ကလေးတွေများစွာကို စောင့်ရှောက်နေသလို အနုပညာအလုပ်တွေကိုလည်း လစ်ဟင်းမှုမရှိအောင် ကြိုးစားလျက်ရှိနေတာပဲဖြစ်ပါတယ်။

ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေကတော့ မိဘမဲ့နေတဲ့ ကလေးငယ်လေးတွေကို တရားဝင် ခေါ်ယူထိန်းသိမ်း စောင့်ရှောက်ပေးနေသူပဲဖြစ်ပါတယ်။

သူမက လူမှုကူညီရေး ပရဟိတတွေကိုလည်းအစွမ်းကုန် လုပ်ကိုင်နေသလို မိဘမဲ့ ကလေးလေးတွေ အတွက်လည်း မိခင်အရင်းသဖွယ် ချစ်ခြင်းမေတ္တာ အပြည့်နဲ့ နွေးထွေးစွာ စောင့်ရှောက်မှုတွေ ပေးနေတဲ့သူလဲ ဖြစ်ပါတယ်.။

အနုပညာအလုပ်တွေနဲ့ ပရဟိတအလုပ်တွေကြားမှာ အလုပ်များနေတဲ့ ခိုင်နှင်းဝေဟာ တဖက်မှာလည်း သူမရဲ့အလုပ်တွေကိုရော နေနေ့စဉ်နေထိုင်မှုဘဝကိုပါ များစွာအထောက်အကူပြုပေးနေတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက် ခိုင်နှင်းဝေက သူမနေနဲ့ ရှားရှားပါးပါးရရှိတဲ့အချိန်လေးမှာ ချစ်သူကို အချိန်ပေးဖြစ်ရင်း သာယာတဲ့အချိန်တွေကို ဖြတ်သန်းကုန်ဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်၊ ပရဟိတအလုပ်တွေနဲ့ အချိန်လုနေရတဲ့ကြားထဲမှာမှ ချစ်သူကိုလည်း အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။

ခိုင်နှင်းဝေတို့ ချစ်သူနှစ်ယောက် အခုလိုပဲ ထာဝရ ချစ်ခင်စွာနဲ့ အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *