ရောဂါသည် အိမ်ရှင်မလေးအဖြစ်နဲ့ အချိန်တွေကို ကုန်ဆုံးနေရတဲ့ သက်မွန်မြင့်

မင်းသမီးချောလေးသက်မွန်မြင့်ကတော့ ပီပြင်ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ကျရာဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့အပြင် ပရိတ်သတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားသူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်သက်မွန်မြင့်ဟာဆိုရင် မြန်မာအနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိထားတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

သက်မွန်မြင့်က နှစ်ထပ်ကွမ်း အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်သလို မြန်မာ့ အနုပညာလောကမှာ ဈေးအမြင့်ဆုံး တန်းဝင် သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သက်မွ န်မြင့်က လက်ရှိမှာ အနုပညာ အလုပ်တွေအားလုံးကို ရပ်နားထားပြီး ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပျက်နေတာဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်စနိုးနဲ့ ချစ်သက်လို့ခေါ်တဲ့ သက်မွန်မြင့်ဟာ လက်ရှိမှာတော့ ကျန်းမာရေးနဲ့ အခြေအနေအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပြီး မိသားစုလေးကို အချိန်ပေး ဂရုစိုက်နေတဲ့အကြောင်းလေးကို ခုလိုပဲ ပြောပြလာတာဖြစ်ပါတယ်။

“ကဲ ပျောက်မနေတော့ဘူးကွယ်

မင်းသမီး အနေနဲ့ပဲ ဟုတ်ချင်မှ ဟုတ်မှာပေါ့ လေ

လောလောဆယ် ရောဂါသည် ဘဝသမား

အိမ်ရှင်မလေးပါပေါ့🤪😅” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် သက်မွန်မြင့်က တိုင်းပြည်အခြေအနေတွေရယ်၊ ကျန်းမာရေးအခြေအနေရယ်ကြောင့် အနုပညာ လောကကနေ အနားယူခဲ့တာ အခုဆိုရင် အချိန်အတိုင်း အတာ တစ်ခုကိုတောင် ကျော်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေကလည်း သူတို့ချစ်ရတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကိုများစွာ လွမ်းဆွတ် သတိရနေပြီး သူမကိုထပ်ပြီး မြင်တွေ့ရဖို့အတွက် မျှော်လင့်နေကြတာဖြစ်ပါတယ်။

ပြည်သူချစ်မင်းသမီးသက်မွန် မြင့်ရဲ့ လက်ရှိ အခြေအနေလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *