ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်းသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ကော့ကရိတ် မြို့ ၊ ခလရ ၉၇ တပ်မှ ဒုတိယတပ် ရင်းမှူး ဗိုလ်မှူး အေးချမ်း ဘုရားသုံးမြို့၊ ​ချက်ပွိုင့်အနီးရှိ Beauty Parlor ဆိုင်တွင် စနိုက်ပါသေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဦးခေါင်း သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။

“ခလရ ၉၇ ဒုတပ်ရင်းမှူး အေးချမ်း သေသွားတာ အတည်ပြုလို့ရတယ်။ ကွန်ဖန်းပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ခလရ ၉၇ တပ်ရင်း သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် တပ်ရင်းဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် လာရောက်တပ်စွဲထားခြင်းဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top