ကိုးကန့်ဒေသရှိ စစ်စခန်းများကို ကိုးကန့် MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထား၊ MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ကို ဦးတည်နေပြီဖြစ်ကြောင်း အသိပေး
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထားကြောင်း MNDAA ၏ ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့် တုန်းရှမ်းဒေသ၊ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့်တုန်းရှမ်းဒေသ (လောက်ကိုင်တုန်းချိန်ပြင်ပတစ်ဝိုက်) ဆိုင်တာအိုင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ခြေလျင် တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခြေလျင်နှင့် အမြောက်များ၏ ပူးတွဲတိုက်ခိုက်မှုဖြင့် မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်စခန်းသည် အကြမ်းဖက် စစ်တပ်၏ လောက်ကိုင်ဒေသတွင် အခြေချသော နောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ်ပြီး လက်ရှိတွင် MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ဘက်ကို ဦးတည်လာနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် ကိုးကန့်မြောက်ပိုင်း ဟုန်ရှင်းဒေသတွင်လည်း နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၆ မိနစ်ခန့်တွင် MNDAA က လောက်ပေါက်ကျိုင့် အနောက်တောင်ကုန်းမှ စစ်ကောင်စီ အခြေချနေထိုင်သော ပေထန်တပ်စခန်းကို ချီတက်လာကာ ဒရုန်းဖြင့် ဦးစွာ ပစ်ကူတိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီ ၄၀ မိနစ်တွင် ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သိရသည်။
ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ ထို့ပြင် ၆၀ မမ စိန်ပြောင်း (၂)လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက်(၁)လက် ၊ စက်သေနက် အကြီး(၂)လက် ၊ ရိုင်ဖယ်(၃)လက် ၊ ပီစတို(၁)လက် ၊ မိုင်းထောက်စက်(၁)စက်နှင့် ၆၀မမကျည်များ ၊ ဟောင်ဝီဇာ အမြောက်ကျည် ၊ လက်ပစ်ဗုံးအမျိုးမျိုး နှင့် ကျည်ဆံများ စသည့်စစ်ပစ္စည်းများနှင့် ကွန်ဗျူတာ တစ်လုံး ၊ မြင်းနှင့် မြည်း(၁၅)ကောင် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့က ကိုးကန့် တုန်းရှမ်းဒေသရှိ ဟူတောင်စခန်းကို သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် MNDAA တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး အနည်းဆုံး စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
MNDAAသည် တုန်းချိန်ပတ်လည်ရှိ တောင်ကုန်းများကိုသိမ်းယူနိုင်ခဲ့ပြီး စစ်ဆင်ရေးကို လောက်ကိုင်မြို့ သို့ ဦးတည်လာနေ
နိုဝင်ဘာလ ၂၄ ရက်နေ့ (၁၀၂၇)စစ်ဆင်ရေး Operationကြီးလုပ်ဆောင်လာသည်မှာ (၂၉)ရက်မြောက်တွင် MNDAAသည် ကိုးကန့်တုန်းရှမ်းဒေသ၏ နောက်ဆုံးတောင်ကုန်း(High Point) ဖြစ်တဲ့ ဆိုင်တာအိုင်တောင်ကုန်း ကိုသိမ်းပိုက်လိုက်ပါသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကိုးကန့်ဒေသ၏ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိစစ်ရေး စခန်း(၄)ခုကိုသိမ်းယူနိုင်ခဲ့ပါသည်။ မြောက်ပိုင်း ဟုန်ရှင်းဒေသတွင် စစ်ကောင်စီ၏လက်နက်ခဲယမ်းအချို့များ သိမ်းဆည်းရရှိခဲ့ပါသည်။
ယနေ့နံနက်(၅း၃၀)နာရီခန့် MNDAAသည် ကိုးကန့် တုန်းရှမ်းဒေသ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကိုထိုးစစ်တိုက်ခိုက်ကာ (၈း၂၅)နာရီအချိန်တွင် အောင်မြင်စွာသိမ်းယူ နိုင်ခဲ့ပါသည်။
နံနက်(၁၀း၂၀)နာရီခန့် MNDAAသည် ကိုးကန့်တုန်းရှမ်းဒေသ(လောက်ကိုင်တုန်းချိန်ပြင်ပတစ်ဝိုက်)ဆိုင်တာအိုင် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကာ (၁၄း၄၀)နာရီခန့်တွင် ခြေလျင် တပ်ဖွဲ့ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ခြေလျင်နှင့် အမြောက်၏ပူးတွဲတိုက်ခိုက်မှုဖြင့် ညနေ(၁၅း၁၆) နာရီ အချိန်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါသည်။ ဒီစခန်းလည်း စစ်ကောင်စီ၏လောက်ကိုင်ဒေသတွင်အခြေချ သောနောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ်ပြီး လက်ရှိ MNDAA၏စစ်ဆင်ရေးသည်လည်း လောက်ကိုင်ဒေသဘက်သို့ ဦးတည်လာနေပါသည်။
ထို့ပြင် ကိုးကန့်မြောက်ပိုင်း ဟုန်ရှင်းဒေသတွင်လည်း နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်(၈း၀၆) နာရီခန့် MNDAAသည် လောက်ပေါက်ကျိုင့်အနောက်တောင်ကုန်းမှ စစ်ကောင်စီအခြေချနေထိုင်သော ပေထန်တပ်စခန်း သို့ ချီတက်လာကာ ဒရုန်းဖြင့် ဦးစွာပစ်ကူတိုက်ခိုက်ခဲ့ပြီး (၉း၄၀)နာရီအချိန်တွင် ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂)ယောက်ကျဆုံးပြီး ဒဏ်ရာရသူများအသေးစိတ်မသိ ရသေးပါ။ ထို့ပြင် ၆၀ မမ စိန်ပြောင်း (၂)လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက်(၁)လက် ၊ စက်သေနက် အကြီး(၂)လက် ၊ ရိုင်ဖယ်(၃)လက် ၊ ပီစတို(၁)လက် ၊ မိုင်းထောက်စက်(၁)စက်နှင့် ၆၀မမကျည်များ ၊ ဟောင်ဝီဇာ အမြောက်ကျည် ၊ လက်ပစ်ဗုံးအမျိုးမျိုး နှင့် ကျည်ဆံများ စသည့်စစ်ပစ္စည်းများနှင့် ကွန်ဗျူတာ တစ်လုံး ၊ မြင်းနှင့် မြည်း(၁၅)ကောင် တို့ကို သိမ်းဆည်းရရှိပါသည်။
အခြားစစ်ကြောင်းများတွင် ယမန်နေ့နှင့်ယနေ့ နှစ်ရက်အတွင်း MNDAAနှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် တိုက်ပွဲ များဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။ ထို့ပြင် ယမန်နေ့က ကိုးကန့် တုန်းရှမ်းဒေသ ရှိဟူတောင်စခန်းကို သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိပါသည်။
မိမိတို့ဌာနမှ သတင်းများတင်ဆက်သည့်အချိန်ထိ မဟာမိတ်တပ်ဖွဲ့မှ စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး အနည်းဆုံး စုစုပေါင်း(၁၇၁)ခု သိမ်းပိုက်ရရှိပြီး အခြားစစ်ကြောင်းများတွင်လည်း စစ်အောင်ပွဲသတင်းကောင်း များ ဆက်လက်တင်ပြလာခဲ့ပါသည်။
Leave a Reply