ဆောင်းဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးအဖြစ်နဲ့ ရေဦးနယ်ပျူစောထီးရွာကိုတိုက်ခိုက်၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးလာ (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာယာရွာမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ နောက်လိုက်တွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ်၁စစ်ဒေသရဲ့ ဦးဆောင်မှုဖြင့် မဟာမိတ်တပ်တွေပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ PLA ဗဟိုသတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ယနေ့မနက်အစောပိုင်းမှာ ကားဘိုးအနောက်ဘက်က စစ်အုပ်စုနဲ့ ပျူစောထီးတွေတပ်စွဲထားတဲ့ အောင်သာယာရွာကို ဆောင်ဦးကောက်ရိတ်သိမ်းချိန်စစ်ဆင်ရေးအဖြစ်နဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“လောလောဆယ်သိရသလောက်က ရန်သူ့ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရရှိကာ ရန်သူ စစ်သုံ့ပန်း ၇ ဦးဖမ်းလာနိုင်ခဲ့ပါတယ်။အသေးစိပ်အခြေအနေကတော့ မြေပြင်ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးလို့ ညနေပိုင်းလောက်မှထပ်မံထုတ်ပြန်ပေးပါ့မယ်ဗျ”လို့PLA ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ ပျူရွာတရွာလုံးကိုသိမ်းပိုက်နိုင်ဖို့ကြိုးစားဆောင်ရွက်ခဲ့ပေမယ့် စစ်တပ်ဘက်မှ လက်နက်ကြီးပစ်ကူ၊ ခြေလျင်တပ်စစ်ကူများအပြင် Mi-35 ဖြင့်ပါ စစ်ကူများ ရောက်ရှိလာမှု​ကြောင့် ဖမ်းဆီးရမိသည့် သုံ့ပန်းများ၊ ပစ္စည်းများကိုသိမ်းယူကာပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။

လက်ရဖမ်းဆီးမိထားတဲ့ စစ်သုံ့ပန်း ၇ယောက်ကိုတော့ PLA အမှတ်(၁)စစ်ဒေသလက်အောက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ သုံ့ပန်းပေါ်လစီနှင့်အညီ ထိန်းသိမ်းထားမယ်လို့သိရပြီး တပ်ပေါင်းစုဘက်ကရဲဘော် ၅ယောက်မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့PLA အမှတ်(၁)စစ်ဒေသ၏ စစ်ရေးဦးဆောင်မှုဖြင့် မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့များဖြစ်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ 96 Soldiers PDF (အညာတပ်ခွဲ)၊ စိန်ဗေဒါKBU (ပကဖ)၊ မိုးကြိုးမုန်တိုင်း LPDF ၊ ဝံသပါလ LPDF ၊ TCRF (PLA) ၊ ရွှေဘိုဓူဝံ (PLA) ၊ GZ LPDF တို့ကဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top