တစ်တော့ဆယ်လီ ဝေယံမိုးသက် ဆို့အောက်

မြန်မာနိုင်ငံ လူမှုကွန်ယက်မှာ လူသိများတဲ့ ဝေယံမိုးသက် စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရ

၂၀၂၀ ခုနှစ်၊ ကိုဗစ်-၁၉ ဖြစ်ပွါးနေတဲ့ ကာလအတွင်းမှာ တစ်တော့(Tiktok) လူမှုကွန်ယက်ကနေတစ်ဆင့် နာမည်ရလာတဲ့ ဝေယံမိုးသက်ဆိုသူဟာ တီးတိန်မြို့နယ် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့များက စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိတယ်လို့သိရပါတယ်။

ဝေယံမိုးသက်ဟာ စစ်ကောင်စီတပ်သားတစ်ဦးဖြစ်ပြီး ကလေးမြို့ဇာတိ ဖြစ်ကြောင်းလည်း သိရပါတယ်။ ၎င်းစခန်းသိမ်းတိုက်ပွဲမှာ PDF-Zoland က စစ်သုံ့ပန်း ၁၂ ဦးဖမ်းဆီးရမိခဲ့ပြီး ဝေယံမိုးသက်လည်းပါဝင်နေခဲ့တာဖြစ်ပါတယ်။

“ဟုတ်တယ် သူ့ကိုရဲဘော်တွေကလည်းသိတယ် Tiktok ဆယ်လီဆိုပြီးပြောနေကြတာ ဝေယံမိုးသက်ဖြစ်နေတယ်လို့” ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောဆိုထားပါတယ်။

သူနောက်ဆုံး တင်ခဲ့တဲ့ ဗီဒီယိုကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကဖြစ်ပြီး တောင်ပေါ်မှာ သူ့နာမည်အကြောင်း ရိုက်ထားတဲ့ ဗီဒီယိုဖြစ်သောကြောင့် ကနေဒီတောင်မှာ ရိုက်ခဲ့တဲ့ ဗီဒီယိုဖြစ်နိုင်ခြေရှိပါတယ်။

@waiyanmoethat

စကားတွေး အများကြီး မပြောတော့ဘူး ဗျာ ပရိတ်သက်ကြီး သိအောင် တစ်ခွန်ထဲဘဲ ပြောလိုက်မယ့် ကျနော် နာမည် ဝေယံမိုးသက်🌝🌝🌝🌝

♬ မူရင်းအသံ – 👨‍👩‍👧‍👦WÄî Ýã Μö€ ȚĤäț👮 – 👨‍👩‍👧‍👦WÄî ÝÅÑ ΜÕÊ ȚĤÄȚ

@waiyanmoethat

တစ်ရက် တစ်ရက်နဲ့ စော်ကြည့်နေသာကလည်း နေရ ထိုင်ရသာ ခက်တယ် ဗျာ တကယ် တကယ်😅😅😅🤦‍♀️🤦‍♀️

♬ မူရင်းအသံ – 👨‍👩‍👧‍👦WÄî ÝÅÑ ΜÕÊ ȚĤËȚ🤗 – 👨‍👩‍👧‍👦WÄî ÝÅÑ ΜÕÊ ȚĤÄȚ


Comments

Leave a Reply

Your email address will not be published. Required fields are marked *