ခဝေးတွေရိုက်တဲ့ ကားမို့ Boycott လို ပြောနေကြတာပါ

ခဝေးတွေရိုက်တဲ့ ကားမို့ Boycott လို ပြောနေကြတာပါ။

မင်းသားက ဘယ်သူဘယ်ဝါမို့ဆိုရင်လည်း သူက သရုပ်ဆောင်ခ ရပြီးပါပြီ။

သွားကြည့်လို ပိုက်ဆံရသွားမှာက မင်းအောင်လှိုင်သမီးရဲ့ ကုမ္ပဏီပါ။

အဲ့ဒါလေး သိရင် ရပါပြီ။

7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးက အမည်​ပြောင်းရိုက်ကူးသောကံကောင်းရုပ်ရှင် ရုံတင်ရန်စီစဥ်ပြန်

အာဏာသိမ်း​ခေါင်း​ဆောင်သမီးရုပ်ရှင်ထုတ်လုပ်​ရေးမှထုတ်လုပ်​သော ဇာတ်ကားဖြစ်၍ပြည်သူများသပိတ်​မှောက်ပြီး မကြည့်ရန် ​တော်လှန်​ရေးအင်အားစုများတိုက်တွန်း

ရုပ်ရှင်ထုတ်လုပ်ရေးနာမည်များပြောင်း၍ ရုံတင်လေ့ရှိသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်သော 7th Sense ရုပ်ရှင်ထုတ်လုပ်ရေး က “ခတ္တိယ” ထုတ်လုပ်ရေးအမည်ဖြင့် ကံကောင်း ရုပ်ရှင်ဇာတ်ကားကိုရုံတင်ရန် စီစဉ်နေ​ကြောင်းစုံစမ်းသိရသည်။

ကံကောင်း ရုပ်ရှင်ကို ယ​နေ့ (နိုဝင်ဘာ ၂၄ ရက်)တွင် ရုံတင်ပြသမည်ဖြစ်ပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်းအောင်လှိုင်သမီး၏ ထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှုခြင်းမပြုဘဲသပိတ်မှောက်( Boycott )ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

အဆိုပါရုပ်ရှင်တွင် အဓိကပါဝင်သည့်သရုပ်ဆောင်ထား​သော ပိုင်တံခွန်သည်လည်း နွေဦးတော်လှန်ရေးအစပိုင်းတွင်ဆန္ဒပြပွဲများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မတရားဖမ်းဆီးခံရသဖြင့် ပြည်သူများ၏ ​လေးစားချစ်ခင်မှု ခံခဲ့ရသည်။ သို့​သော်ထောင်ကျပြီး စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် နှင့် လွတ်မြောက်လာပြီးနောက် စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်းခဲ့ သဖြင့် ပြည်သူများ၏ ​ဝေဖန်ပြစ်တင်မှုကိုခံခဲ့ရသည်။ အထူးသဖြင့် ၂၀၂၃ သင်္ကြန်တွင် စစ်​ကောင်စီတပ်ကနိုင်ငံတစ်ဝန်းပြည်သူများကို အကြမ်းဖက်သတ်ဖြတ်၍ ပြည်သူအများစု ဒုက္ခ​ရောက်​နေချိန်တွင် စစ်​ကောင်စီကပြုလုပ်​သော ​နေပြည်​တော်သကြ်န် တွင် စစ်တပ်၏ ကြည်း​ရေ​လေ သကြ်န်မဏ္ဍာပ်တွင် ယုန်​လေး ၊ အဆိုတော် ဂျီဖက်တို့ နှင့်အတူ ပိုင်တံခွန်ကတက်​ရောက် ပါဝင်ဆင်နွဲခဲ့ချိန်မှ စ၍ ပြည်သူများ၏ သပိတ်​မှောက် Boycott စာရင်းဝင် သရုပ်ဆောင်ဖြစ်လာခြင်းဖြစ်သည်။

သူထူစံ ၊​နေထွဋ် ၊ခင်ဇာခြည်​ကျော် တို့လည်းပါဝင်သရုပ်​ဆောင်ထားသည်။

ကံ​ကောင်းဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာ ဝင်းလွင်ထက် နှင့် ဇာတ်ညွှန်း မိုးနီလွင်တို့သည် 7th Sense ထုတ်လုပ်ရေး နှင့် အတူလက်တွဲလုပ်ကိုင်​နေသူများဖြစ်သည်။ ထိုအပြင် ကင်မရာရဲမင်းသူ မှာလည်း 7th Sense ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Hey Play ၏ ဝန်ထမ်းများဖြစ်ကြောင်း ၎င်းတို့၏ လုပ်ငန်းများ​စောင့်
ကြည့်​နေ​သော ​ ပြည်သူတစ်ဦးက ​ပြောသည်။

“ဒါရိုက်တာဝင်လွင်ထက် နဲ့ ဇတ်ညွှန်းမိုးနီလွင်က 7 Sense ရဲ့ ပင်တိုင်တွေပါအခုတခါမှမကြားဘူးတဲ့ production နာမည်နဲ့ ပြည်သူငွေတွေသဲ့ယူဦးမှာပါ။” ဟု7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးကို​စောင့်ကြည့်​နေ​သော​​ ​တော်လှန် ပြည်သူတစ်‌ဦးက ​ပြောသည်။

7 Sense ၏ ဇာတ်ကားများကို ရုံတင်သည့် ထုံးစံအတိုင်း ရန်ကုန်မြို့၏ ဘေဘုတ်များတွင်လည်း ကံကောင်း ရုပ်ရှင်ကြော်ငြာများကို တွေ့မြင်ရသလို၊ Press Show ပွဲကို ခမ်းနားစွာလုပ်ပြီး ၊​လူမှုကွန်ယက်တွင်လည်း​ ပရိုမိုးရှင်း အင်အားကောင်းကောင်းဖြင့် Content များဖန်တီးပြုလုပ်နေသည်ကိုလည်းတွေ့ရသည်။

ပြီးခဲ့သည့်ရက်က ယင်းဇာတ်ကား၏ အဓိကသရုပ်ဆောင် ခွေးကို သိန်းငါးရာအထိ ပေး၍ လာရောက်ဝယ်ယူသူရှိကြောင်း ကံကောင်းရုပ်ရှင်၏ ပေ့ခ်ျ၌ တင်ခဲ့ရာ ပရိသတ်များ၏ လှောင်ပြောင်သည့် မှတ်ချက်များရရှိခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၂၂ ရက်ညက သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်သည့် ကံကောင်း ရုပ်ရှင် Press Show တွင်လည်း ထုတ်လုပ်သူ ကို မတွေ့ရပေ။

ယင်းဇာတ်ကား၏ ဇာတ်ဝင်တေးကိုလည်း 7th Sense နှင့်ရင်းနှီးသည့် အဆိုတော် နီနီခင်ဇော်က သီဆိုပေးထားခြင်းဖြစ်ပြီး နီနီခင်ဇော်သည် စစ်ကောင်စီ၏ ဂုဏ်ပြုတေးသီချင်းများကို သီဆိုပေးနေသူဖြစ်သောကြောင့် ပြည်သူများ၏ သပိတ်​မှောက်( Boycott) စာရင်း၌ ပါဝင်သူဖြစ်သည်။

ထို့ကြောင့် အဆိုပါရုပ်ရှင်သည် ထုတ်လုပ်ရေးအနေ ဖြင့်သာ မကပဲ ပါဝင်သည့် သရုပ်ဆောင် အဆိုတော်များသည် Boycott ပြုလုပ်ရမည့်သူများဖြစ်သောကြောင့် Boycott လုပ်ကိုလုပ်ရမည့် ရုပ်ရှင်ဖြစ်ကြောင်း အသက် ၃၀ ကျော်အရွယ် ရုပ်ရှင်ပရိသတ်တစ်ဦးကပြောသည်။

ထိုအပြင် ဒီဇင်ဘာ ၁၅ ရက်တွင်လည်း 7th Sense ကပင် Win Win Film ထုတ်လုပ်ရေး အမည်ဖြင့် “ဆူးပေးတဲ့ဆု” အမည်ဖြင့်ဇာတ်ကား ရုံတင်ရန် စီစဉ်ထား​သေးသည်။ ဒါရိုက်တာ သားညီ ဖြစ်ပြီး သရုပ်ဆောင် ရွှေထူး၊ကျော်ကျော်ဗို ၊ရွှေမှုံရတီ ၊ခေးဆက်သွင် တို့ပါဝင်သည်။ရွှေထူးသည် 7th Sense နှင့် စာချုပ် ချုပ်ထား​သူဖြစ်သည်။

“ဒီကာလမှာ​ငွေ​အကုန်အကြအများကြီးခံပြီးလုပ်နိုင်တာ သူတို့( စစ်အုပ်စု၏ 7th Sense )ကလွဲရင် တခြားသူမရှိဘူး။ သူတို့က ​ငွေပြန်ရ၊မရလည်း အဲ​လောက်ဂရုမစိုက်ဘူး”ဟု ခင်သီရိသက်မွန်၏ 7th Sense ရုပ်ရှင် ထုတ်လုပ်​ရေးကို​စောင့်ကြည့်​နေ​​သော ​နွေဦးတော်လှန်​ရေးတွင်ပါဝင်​နေသူတစ်ဦးက​ပြောသည်။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ဦးဆောင်၍ စစ်တပ်အပေါင်းအပါများ၊ ခရိုနီများပူး​ပေါင်း တည်​ထောင်ထား​သောရုပ်ရှင် ထုတ်လုပ်ရေးဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းမှု ​ကြောင့် မင်းအောင်လှိုင်နှင့် သားသမီးများ ပိုင်ဆိုင်သော စီးပွါးရေး လုပ်ငန်းများကို အ​မေရီကန် အစိုးရက ၂၀၂၁ မတ်လတွင် ပထမဆုံးအသုတ် အဖြစ်အ​ရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ 7th Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့သည်။ ပြည်သူများကလည်း ဝိုင်းဝန်း သပိတ်​မှောက် ခဲ့ကြသည်။ ထို​ကြောင့် 7th Sense ကို အမည်ခွဲများစွာဖြင့်လူထု သပိတ်​မှောက်မှုကို​ရှောင်ရှားရန် ကြိုးပမ်း​နေခြင်းဖြစ်သည်။

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးအမည်များမှာ 7th Sense မှ အမည်​ပြောင်းထား​သောလုပ်ငန်းခွဲများဖြစ်သည်။ ယခင် ထုတ်လုပ်​ရေးအမည်ခွဲ အနည်းဆုံး ၇ ခုရှိရာမှ ယခုအခါ “ခတ္တိယ”၊ “Win Win Film”တို့ထပ်တိုးလာခြင်းဖြစ်သည်။

အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို​တော်လှန်​ရေးတွင်စိတ်မဝင်စား​ရန် အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။ပြည်သူများ၏ သပိတ်မှောက်မှုကို ​ရှောင်နိုင်ရန် 7th Sense ထုတ်လုပ်ရေးသည် ယခုနှစ်အတွင်း ရိုက်ကူးထားသည့် ဇာတ်ကားများကို ထုတ်လုပ်ရေးအမည်များပြောင်းလဲ၍ ရုံတင်လာသလို ၊ Entertainment ကုမ္ပဏီများ ၊ အွန်လိုင်း အပ်ပလီကေးရှင်းများပြုလုပ်၍ လူထု၏ခုခံ​တော်လှန်စစ်ပွဲများအ​ပေါ် အာရုံလွှဲရန် ၊​ဖျော်​ဖြေ​ရေးလုပ်၍ ​ငွေရှာနိုင်ရန် လှုပ်ရှားမှုများခပ်စိပ်စိပ်လုပ်လာသည်။

ထုတ်လုပ်ရေးအမည်သစ်များ​ပြောင်း​သော်လည်း 7th Sense ၏ လုပ်ငန်းခွဲမှန်း ထင်ရှားသော သက်သေမှာ 7th Sense နှင့် စာချုပ်ချုပ်ဆိုထားခဲ့သော အနုပညာရှင်များသည် ယခု ထုတ်လုပ်ရေးအသစ်များနှင့် ဆက်လက် လက်တွဲအလုပ်လုပ်နေကြခြင်းပင် ဖြစ်​ကြောင်း​စောင့်ကြည့်​နေသူများက​ပြောသည်။

7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးက အမည်ခွဲများစွာဖြင့် ပြည်သူများကို မည်သို့ လှည့်စားရန်ကြိုးစား​နေသည်ကို စုံစမ်း​ဖော်ပြထား​သော ​​အောက်ပါ​ဆောင်းပါးတွင်ဖတ်ရှုနိုင်ပါသည်။

ကြည့်​အောင် ၊သိ​အောင်​ပြော​ပေးပါ။ ရန်ကုန်တစ်မြို့လုံးလည်း သူတို့ ဘုတ်​တွေပဲ မြင်ရတာအဆင်မ​ပြေလို့ပါ”ဟုရန်ကုန်မြို့မှ ပြည်သူတစ်ဦးက​ပြောသည်။

​ထောက်ပို့ရဲ​ဘော်တစ်ဦးကလည်း “​တော်လှန်​ရေးအရှိန်
အ​ကောင်းဆုံး​ရောက်လာပြီး ပြည်သူ့​တော်လှန်​ရေးတပ်ဖွဲတွေက မြို့သိမ်းတိုက်ပွဲ​တွေဆက်တိုက်ဆင်နွှဲ​နေချိန် ကိုယ်က အာဏာလုထားတဲ့စစ်အာဏာရှင်ရဲ့ သမီး ရုပ်ရှင်သွာ
ကြည့်ပြီး စစ်အုပ်စုကိုပိုက်ဆံ​ပေးမယ်ဆိုရင် လုပ်သင့်သလား၊ဖြစ်သင့်သလားကိုယ့်ဘာသာစဥ်းစား​ကြပေါ့”ဟုမှတ်ချက်ပြုသည်။

(​ကြော်ညာအား​ကောင်း​ကောင်းဖြင့်​ကြော်ညာ​နေ​သော အာဏာသိမ်း​ခေါင်း​ဆောင်၏သမီးရုပ်ရှင်ထုတ်လုပ်​ရေးကအမည်​ပြောင်းထုတ်ထား​သသည့် ကံ​ကောင်းရုပ်ရှင် ​ကြော်ညာ။
ဓါတ်ပုံ-ကံ​ကောင်း​ဖေစ်ဘွခ် )


Comments

Leave a Reply

Your email address will not be published. Required fields are marked *