မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီပိုင် Mytel တာဝါတိုင် ၇ ခုကို တပြိုင်တည်း မိုင်းခွဲဖျက်ဆီး(ရုပ်/သံ)

မန္တးလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ် ကောင်စီပိုင် Mytel တာဝါတိုင် ၇ ခုကို တပြိုင်တည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင်တပ် ရင်း ၄ နွားထိုး ကြီး PDF ထံမှ သတင်းရရှိပါတယ်။

နိုဝင်ဘာလ ၂၆ ရက်က မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာရှိ တာဝါတိုင်၊ ကန်နီကျေး ရွာ ရှိ တာဝါတိုင်၊ နွားကြီးမြို့နယ်၊ ကူကုန်းကျေးရွာရှိ တာဝါတိုင်၊ ဒဟတ်တောကျေးရွာရှိ တာဝါတိုင်၊ သာ ပေါင်းကျေးရွာရှိ တာဝါတိုင်၊ ကန်ကြီးကျေးရွာရှိ တာဝါတိုင်နဲ့ ကျောက်တန်း ကျေးရွာရှိ တာဝါတိုင်တို့ကို တပြိုင်တည်း မိုင်းဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါMytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးမှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ နွားထိုး ကြီးမြို့နယ် ပကဖ၊ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)နဲ့ ဗိုလ်စက္ကပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ) တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top