MNDAAသတင်းအရ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီမှ MNDAA၏ခံတပ်တစ်ခုကို နှစ်ကြိမ်ခိုးဝင် တိုက်ခိုက်လာခဲ့ပြီး ဒဏ်ရာရသေဆုံးမှုများရှိခဲ့ပါသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်(၁၃း၂၆)နာရီခန့် စစ်ကောင်စီတပ်ဖွဲ့သည် ကိုးကန့် ရှီရှမ်းဒေသ ၊ တာရွှေထန် ကျေးရွာအုပ်စု ၊ ဟုန်ရှိထုပ်ဟော်ရွာ၏နောက်တောင်ကုန်း MNDAA၏ ခံတပ်ကိုထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ကာ တချိန်တည်း MNDAAဘက်မှ တွေ့မြင်ပြီးတန်ပြန်ခုခံတိုက်ခိုက်ခဲ့ပါသည်။ ညနေ(၁၄း၁၅)နာရီခန့်တွင် MNDAAမှ စစ်ကောင်စီတပ်ဖွဲ့ကိုနောက်ပြန်ဆုတ်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး MNDAAဘက်မှ (၆)ဦးဒဏ်ရာရရှိခဲ့ပါသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည် MNDAAတပ်သားသည် မူပန်(သိန္နီ)ခရိုင်၏အနောက်တောင်ဘက်ခြမ်း လမ်းမကြီးတလျှောက်တွင် ထောင်ထားသောမိုင်းများကိုရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် မိုင်းပေါက်ကွဲမှု ကြောင့်တပ်သားအချို့ထိခိုက်မှုများရှိခဲ့ပါသည်။
ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ကုသချိန် လမ်းတစ်ဝက် ရောက်သောအခါ စစ်ကောင်စီစကခ(၁၆) ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် MNDAA တပ်သားတစ်ယောက် သည် လက်နက်ကြီးကျည်စထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့ရပါသည်။
Leave a Reply