ပလက်ဝတွင် စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ရဲရှစ်ဦး CDF ထံ အလင်းဝင်လာ

ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်ရှစ်ဦး ချင်းကာကွယ်ရေးတပ် (CDF) ပလက်၀ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရင်းမြစ်များမှ သိရသည်။

အလင်းဝင်လာသူများမှာ ရှင်းလက်ဝအခြေစိုက် ဗျူဟာ (၃) မှ စစ်သား (၂) ဦးနှင့် ရှင်းလက်၀ ရဲစခန်းမှ ရဲတပ်ကြပ်ကြီး သုံးဦး၊ဒုတပ်ကြပ် နှစ်ဦး၊ ရဲတပ်သား သုံးဦး စုစုပေါင်းရှစ်ဦးတို့ဖြစ်သည်။

၎င်းတို့ ၁၀ ဦးအား ဘေးကင်းလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ ထပ်မံ၍ ပြည်သူနှင့် အတူရပ်တည်မည့် တပ်မတော်သား၊ ရဲများကိုလည်း အမြဲကြိုဆိုလျှက်ရှိကြောင်း ပလက်ဝ CDF မှ ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *