မူဆယ် တနေကုန်ဆော်နေပြီ (ရုပ်သံ)

မူဆယ် ၁၀၅ မိုင်နှင့် နမ့်ခမ်းတွင် စစ်ကောင်စီတပ်က တစ်နေကုန် တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်အနီးနှင့် နမ့်ခမ်းမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်က တစ်နေကုန် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဉ် တိုက်လေယာဉ်များဖြင့် ဗုံးကျဲလျက်ရှိရာ တော်လှန်ရေးတပ်များလက်အောက်သို့ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်း မကျဆုံးစေရေး ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်း မကျဆုံးစေရေး ယနေ့ တစ်နေကုန် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ယနေ့တွင်လည်း နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

“မှုဆယ်မြို့ ၁၀၅မိုင်နဲ့ ကျယ်လန့်ကျေးရွာဘက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကျဲတိုက်ခိုက်နေတယ်။ မနက်ကတည်းက ကျဲနေတာ။ အခုအချိန်အထိပဲ။ လေယာဉ်နဲ့ ဗုံးကျဲနေတာက ကျဲနေတာကတော့ ၁၀၅ မိုင်ရော နမ့်ခမ်းဘက်မှာရော ကျဲနေတာ။

ပြည်သူတွေက အကုန်ပိတ်မိနေတယ်။ အပြင်လည်း ထွက်မရဘူး။ တိုက်ပွဲတွေကတော့ အရမ်းကို ပြင်းထန်နေပါတယ်” ဟု မူဆယ် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

MNDAA ၊ TNLA နှင့် AA မဟာမိတ် ညီနောင် ၃ ဖွဲ့က စစ်ကောင်စီ၏ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းနှင့် နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ်ကုန်းတို့ကို သိမ်းပိုက်ရရှိရေး ထိုးစစ်များ ဆက်တိုက် ဆင်နွှဲနေပြီး

စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အဓိကဖြင့် တော်လှန်ရေးမဟာမိတ်များ၏ ထိုးစစ်ကို ခုခံ တွန်းလှန်နေရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

မူဆယ် (၁၀၅) မိုင်မှာ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှာ စစ်တပ်နဲ့ ကိုးကန့်တပ် (MNDAA) ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အထိ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် ၁၀၅ မိုင်အောက်ဘက် မန့်မော်ရွာထဲက ပရဟိတကျန်းမာရေးဝန်ထမ်းတစ်ဦး ဗုံးထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အိမ်ပေါ်ကို လေယာဉ်ကနေပစ်လိုက်တဲ့ ဗုံးကျပြီး ပေါက်ကွဲတာပါ။ သူတို့က ၁၀၅ မိုင်အောက်ဘက်က မန့်မော်ရွာထဲမှာနေတာ။ နှစ်ယောက်လုံးက ပရဟိတကျန်းမာရေးဝန်ထမ်းတွေလို့ သိရတယ်။ အမျိုးသားဖြစ်သူကတော့ မနေ့က ဆုံးသွားပြီ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးကပြောပါတယ်။

၁၀၅ မိုင်အနီးက မန့်မော်ရွာထဲမှာ ကိုးကန့်တပ်တွေက တပ်စွဲထားတာကြောင့် (၁၀၅) မိုင် ဗျူဟာကုန်းက စစ်တပ်စခန်းနဲ့ မူဆယ်မြို့ပေါ်မှာ ရှိတဲ့ စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကျော်အတွင်းမှာ ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးနေပြီလို့ မြေပြင်အခြေသိရှိသူတွေကပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် (၁၀၅) မိုင်က ဒေသခံတွေပိတ်မိနေပြီး မူဆယ်မြို့ကနေ ကယ်ဆယ်ဖို့လာတဲ့ ကြက်ခြေနီကားနဲ့ လူမှုကူညီရေးကားတွေကိုလည်း ပစ်ခတ်ခံရတာတွေရှိတာကြောင့် ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်လို့မရဖြစ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ အပြောအရ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ မူဆယ်မြို့နဲ့ (၁၀၅) မိုင်ကြား လားရှိုး-မူဆယ်လမ်းမကြီးပေါ်က နမ့်ခွမ်ကျေးရွာနဲ့ ကျင်စန်းကျော့တစ်လျှောက်မှာ စစ်တပ်နဲ့ ကိုးကန့်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မူဆယ်ကနေ နမ့်ခွမ်အထိကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး နမ့်ခွမ်-အထက် တုံခမ်း- ကျင်စန်းကျော့တစ်လျှောက်ကို ကိုးကန့်တပ်တွေက ထိန်းချုပ်ထားတာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးရဲ့ အပြောအရသိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မူဆယ် (၁၀၅) မိုင် ကားဝင်းကို မြောက်ပိုင်းမဟာမိတ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေပိုင်ဆိုင်တဲ့ မော်တော်ယာဉ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချိန်မှာ ပြောထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *