မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်​ကောင်စီထံမှသိမ်းဆည်းနိုင်ခဲ့သည့်လက်နက်များတွင်ခြောက်လုံးပြူးမှာအတုဖြစ်​နေ

“အရာရှိတောင် သေနတ်အစစ်မကိုင်နိုင်ဘူး။တကယ့်ကိုပရမ်းပတာဖြစ်နေတာ။ ကျန်တဲ့သူတွေအနေနဲ့ ဆက်အသေခံမလား။ ပြည်သူနဲ့ပေါင်းမလား ဆုံးဖြတ်ရမယ့်အချိန်ပဲ”-PDF

မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ သိမ်းယူခဲ့သည့် လက်နက်ခဲယမ်းများအတွင်း ခြောက်လုံးပြူးတစ်လက်မှာ ခဲ​ဘောစိထည့်ပစ်ရ​သောအတုဖြစ်​နေ​ကြောင်း ​ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် တစ်ဦးက​ပြောသည်။

“ခြောက်လုံးပြူးက အတုကြီးဗျ။ ဘောစိထည့်ပစ်တဲ့ဟာ။ ဘယ်အရာရှိကိုင်တယ်‌တော့ မသိဘူးဗျာ။ ခပ်တည်တည်ပဲ” ဟု အထက်ပါ PDF ကပြောသည်။ သေနတ်အတုသည် စခန်းမှူးအဆင့်ကကိုင်သည့် သေနတ်ပုံစံမျိုးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

အခြား​တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “အရာရှိတောင် သေနတ်အစစ်မကိုင်နိုင်ဘူး။တကယ့်ကိုပရမ်း
ပတာဖြစ်နေတာ။ ကျန်တဲ့သူတွေအနေနဲ့ ဆက်အသေခံ
မလား။ ပြည်သူနဲ့ပေါင်းမလား ဆုံးဖြတ်ရမယ့်အချိန်ပဲ”ဟုပြောသည်။

ထို့အပြင် မြိုသိမ်းတိုက်ပွဲတွင် ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးရာ တစ်ဦးကို ဖမ်းဆီးမိပြီဖြသ်​ကြောင်း
ABSDF (မြောက်ပိုင်း)မှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

” ရှစ်ယောက်ပြေးတာ။ တစ်ယောက်ပြန်မိထားတယ်။ အရပ်ဝတ်တွေနဲ့ ပြေးတာဆိုတော့ တော်‌တော်ရှာနေရတယ်”ဟု ပြောသည်။

ဒီဇင်ဘာလ ၁၃ရက် နံနက်အ​စောပိုင်းက​မော်လူးမြို့သိမ်း တိုက်ပွဲ၌ စစ်ကောင်စီ ရုပ်အလောင်း ၁၇ လောင်း၊ စစ်သုံ့ပန်း ခုနစ် ဦးနှင့်လက်နက်ငယ်၂၁ လက်၊ ခြောက်လုံးပြူး တစ် လက်၊ နင်းမိုင်း ငါး လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G3ကျည်တောင့် ၃၀၀၀ ကျော်MA ကျည် ၃၀၀ ကျော်၊ ၉မမကျည် ၂၀၀ ကျော်အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်ထားသည်။

ထိုလက်နက်ခဲယမ်းများထဲ၌ ပါဝင်သည် ခြောက်လုံးပြူးသေနတ်သည် သေနတ်အစစ်မဟုတ်ဘဲ ခဲဘောစိထည့်ပစ်ရသည့် သေနတ်အတုဖြစ်​နေခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရုပ်အလောင်း ၁၇ လောင်း၊ စစ်သုံ့ပန်း ခုနစ် ဦးလည်း ဖမ်းမိခဲ့ပြီး ရှစ်ဦး ထွက်ပြေးသွားခဲ့သည်။ သေဆုံးသူများထဲ၌ ရဲစခန်းမှူးလည်း ပါဝင်သည်။ ထွက်​ပြေးသူများထဲမှ တစ်ဦးကိုဖမ်းဆီးနိုင်၍ ထွက်​ပြေး​နေသူ ၇ ဦးကျန်​သေး​ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ညနေကထိ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့​သေည်လည်း ညပိုင်းနှင့် ယနေ့နံနက်အထိ လေကြောင်းမှ လာရောက်ခြင်းမရှိကြောင်း သတင်းရှိသည်။

စစ်ကိုင်းတိုင်း၊မော်လူးမြို့မှ စစ်ကောင်စီရဲစခန်းကို KIA၊ ABSDFနှင့်PDF ၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်း၍ ယမန်နေ့( ဒီဇင်ဘာလ ၁၃ ရက်) နံနက်တွင် တိုက်ခိုက်ပြီးနောက်မြို့ကို ထိန်းချုပ်ထားသည်။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ( PDF ) ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

လေကြောင်းအန္တရာယ်ရှိနေသေး၍ မြို့ခံများ အလျင်စလို ပြန်လည်ဝင်ရောက်ခြင်းမပြုကြရန်ABSDF (မြောက်ပိုင်း)တာဝန်ရှိသူက မေတ္တာရပ်ခံသည်။

(​မော်လူးမြို့သိမ်းတိုက်ပွဲမှ စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် စစ်​ကောင်စီစခန်းကိုတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-SBSDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *