Select Page

နမ့်ဆန်မှာ ဖြစ်သွားတာ တော်တော် ရယ်ရတယ်။

ဗျူဟာကုန်းကို စစ်ကူပေးဖို့ ဆိုပြီး တပ်စိတ်တစ်စိတ်ကို ရဟတ်ယာဉ်နဲ့ လာချတာတဲ့။

ရုပ်ရှင်ထဲလို ရဟတ်ယာဉ် ပေါ်ကနေ ကြိုးတွေနဲ့ ဆင်းလာကြတာ ဆိုပဲ။

သူတို့ကိုယ် သူတို့တော့ ကွန်မန်ဒိုတွေ လိုလို ဘာလိုလိုနဲ့ သွေးကြွနေတာပေါ့။

ကံဆိုးတာက အောက်မှာ TNLA တပ်တွေက ရဟတ်ယာဉ်သံ ကြားလို့ အဆင်သင့် လာစောင့် နေတာ သူတို့ မသိလိုက်ဘူး။

အို … ဘာပြောကောင်းမလဲ။

တချို့ဆို မြေကြီးတောင် မနင်းလိုက်ရဘူး။

လေထဲတင် ဘဝတပါး ပြောင်းရွှေ့ သွားကြတာ။

အောက်အထိ ရောက်တဲ့ ကောင်တွေကလည်း ခြေဦးတည့်ရာ စွတ်ရွတ် ပြေးကြတာနဲ့ တပ်ပါပျက်ရော။

ဟိုတလောကမှ DSA ကနေ မင်းအောင်လှိုင် ကျောင်းဆင်း ပေးလိုက်တဲ့ မနူးမနပ် ချာတိတ်တွေတောင် ပါတယ်။

လာပို့တဲ့ ရဟတ်ယာဉ်ကတော့ စိတ်ချရတယ်။ ပြန်ကယ်ဖို့ ခေါ်တာတောင် လှည့်မလာတော့ဘူး။

ပွိုင့်ဖိုက် မှန်မှာစိုးလို့ ပြေးလိုက်တာ မှုံနေတာပဲတဲ့ 😂

ဇင်သော်နိုင်