ပုလဲမှာ စစ်မတိုက်ပဲ ကောလင်း၊ ကန့်ဘလူမှာစစ်တိုက်မယ်ဆိုလို့ NUG က ထိန်းသိမ်းလိုက်တဲ့ ဗိုလ်နဂါးအကြောင်း

ဗိုလ်နဂါး ရဲ့ BNRA ဒုရင်းမှူး နဲ့ ၁၅ ဦးကို NUG MOD ကန့်ဘလူခရိုင် တပ်ရင်းက ဖမ်းဆီးထားမှု အပေါ် ပြန်လွှတ်ပေးဖို့ BNRA တောင်းဆို

ဗိုလ်နဂါး ရဲ့ BNRA ပြည်သာယာ စစ်ကြောင်း က ဒုရင်းမှူး မြင့်စိုး အပါအဝင် ရဲဘော် ၁၅ ဦး နဲ့ ပြည်သူ တဦးကို NUG MOD ကန့်ဘလူခရိုင် ပကဖ နဲ့ တပ်ရင်း ၄ ကနေ ဖမ်းဆီးထားမှု အပေါ် ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံး ထား ပြန်လွှတ်ပေးဖို့ BNRA ဒု စစ်ဦးစီးချုပ် ကိုအောက်ချင်း က ‘’တိုင်းပြည်သူ့ ကာကွယ် ရေး အဖွဲ့’’ ကို အသိပေး တင်ပြ ထား ကြောင်း သိရပါတယ်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၆ရက်နေ့က ဒုတပ်ရင်းမှူး မြင့်စိုး၊ တပ်ခွဲမှူးကျော်သူ၊ တပ်စုမှူး ဘဒင်နဲ့ ရပ်ကျေး ပအဖ တာဝန်ခံ တို့ကို ခရိုင်ပကဖ တာဝန်ခံက တွေ့ဆုံဖို့ ဆိုပြီး မြေမွန်ရွာ စာသင်ကျောင်းဆီ ခေါ်ဆောင် သွားခဲ့ပြီး အင်အား သုံး ချုပ်နှောင် ဖမ်းဆီး ခဲ့တာလို့ တင်ပြချက်မှာ ဖေါ်ပြထား ပါတယ်။

ဖုန်းဆက်သွယ်မှု လုံးဝမရတဲ့ အတွက် လိုက်လံ ခေါ်ဆောင် သူတွေကိုပါ တပါ တည်း ချုပ်နှောင်ပြီး တပ်စု တည်နေရာကို အင်အားသုံး ရှာဖွေမှုများ ပြုလုပ် ကာ နယ်မြေခံတပ်ခွဲမှူးရဲ့ ဇနီးအပါအဝင် စုစုပေါင်း ၁၆ ဦး ကို ဖမ်းဆီး ထားတာ လို့ ဆိုပါတယ်။

ဒါ့အပြင် သေနတ် ၃ လက်ကိုလည်း သိမ်းဆည်း သွားတယ်လို့ ဖေါ်ပြထား ပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့ကလည်း BNRA ပြည်သာယာ စစ်ကြောင်းက တာဝန်ခံ အချို့ကို ကန့်ဘလူ ခရိုင်ပကဖနဲ့ ခရိုင် တပ်ရင်း-၄ က ခေါ်ယူ တွေ့ဆုံပြီး နယ်မြေ အတွင်း BNRA ရှိနေမှုကို လုံးဝ လက်မခံနိုင်ကြောင်း ပြောဆိုကာ ပကဖ၊ ပအဖ၊ ပလဖ သို့မဟုတ် ခရိုင်တပ်ရင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်း ရန် ပြောဆို ခဲ့တယ် လို့လည်း တင်ပြချက် မှာ ရေးသား ဖေါ်ပြထား ပါတယ်။

အခု ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဖမ်းဆီးထား သူတွေကို နောက်ဆုံးထား ပြန်လည် လွှဲပြောင်း ပေးအပ်ဖို့ တာဝန်ရှိ သူများ အနေဖြင့် စီစဥ် ညွှန်ကြား ခြင်း မရှိပါက လုပ်သင့် လုပ်ထိုက် တာတွေကို အမြန်ဆုံး လုပ်ဆောင် သွားမှာ ဖြစ်ကြောင်း လည်း အသိပေး ဖေါ်ပြထားပါတယ်။

ကိုနဂါးက သူ့မှာ အင်အား ၃၀၀၀ ရှိတယ်ပြောတယ်။

ပုလဲနယ်ကားလမ်းဘေးမှာ အင်အား ၂၀ လောက်ရှိတဲ့ ပျုရွာနှစ်ရွာကိုဘာမှမလုပ်ပဲ၊ အင်အား ၅၀ ရှိတဲ့ ရဲစခန်းကိုဘာမှမလုပ်ပဲ ၊ အကြမ်းဖက်တွေနဲ့ နေ့စဉ်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ NUG – PDF တွေသိမ်းပိုက်ထား တဲ့ကောလင်း၊ ကန့်ဘလူမှာ BNRA ပြည်တော်သာစစ်ကြောင်းဆိုပြီး စစ်ကြောင်းသွားထိုးတယ် ၊ လုံခြုံရေးအရ ဒေသခံတာဝန်ရှိသူတွေက သူတို့ကိုခေါ်ပြီး ထိန်းသိမ်းထားလိုက်တယ်။
အဖြစ်မှန်ကိုပြည်သူတွေသိသင့်ပါတယ်။

ဖြစ်စဉ်ကို အောက်က ကွန်မန့်ထဲမှာ ကျွန်တော်ရှင်းပြထားပါတယ်။

မျိုးရန်နောင်သိန်း

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *