တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ “ဒီထက်ကောင်းတဲ့ လက်နက်တွေကို မမျှော်လင့်နဲ့တော့”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း သတိပေး

“ခင်ဗျား အခု ကြိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ကြည့်လိုက်၊ ကျုပ်တို့ တပ်မတော်ရဲ့ လက်နက်တွေ၊ ကျည်ဆံတွေနဲ့ ကင်းရဲ့လားလို့ အရင်ဆုံး မေးချင်တယ်”ဟု့ ဆိုပါတယ်။

“အဲဒီအဖွဲ့တွေ မြင်ဖူးဖို့ မပြောနဲ့၊ အိမ်မက်တောင် မမက်ဖူးတဲ့ လက်နက်ကြီးမျိုးတွေကော၊ အမြောက်ကြီးတွေကော၊ အတွဲလိုက်ပစ်လို့ရတဲ့ ဒုန်းပစ်ကားကြီးတွေရော၊ လေယဥ်ပစ် စက်သေနတ်ကြီးတွေရော၊ ခမြား တင့်ကားတွေတင် မကဘူး၊ နောက်ဆုံး ကုန်ကုန်ပြောမယ်၊ တခြားစစ်လက်နက် ပစ္စည်းတွေနဲ့ ခဲယမ်းမီးကျောက်၊ ကျည်မျိုးစုံ စသဖြင့်ပေါ့ဗျာ၊ အဲဒါတွေက တပ်မတော်မှာ ရှိခဲ့လို့သာ သူတို့က ရသွားတာ။ တပ်မတော်မှာ မရှိကြည့်၊ ဒါတွေကို သူတို့ မရနိုင်ဘူး၊ ဒါ ရှင်းရှင်းလေးပဲ”။

“အခုကြတော့ သူတို့တတွေ မြင်ဖူး၊ ကိုင်ဖူး၊ ပိုင်ဆိုင်ဖူး သွားကြပြီ။ ဟုတ်တယ်မို့လား။ အာ့ကျတော့ကြ တပ်မတော်ရဲ့ကျေးဇူးကို မမေ့ဖို့လိုသလို ဒီထက်ကောင်းတဲ့ ဟာမျိုးတွေကိုလဲ မမျှော်လင့်နဲ့တော့၊ တပ်မတော်မှာ မရှိဘူး” လို့ ပြောကြားသွားပါတယ်။

အေးအေးး မရှိလဲ ပြီးရော😜

ချစ်ကိုကြီး

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top