တော်လှန်ရေး အတွေ့အကြုံ တစ်ခုပါ။

အောက်ခြေ လူတန်းစားတွေဟာ မရှိ ရှိတာလေးနဲ့ တော်လှန်ရေးကို ကြံ့ကြံ့ခံကြတယ်။

ကြက်လေး သုံးကောင် မွေးထားတယ်၊ တိုက်ပွဲဖြစ်သံကြားရင် ကြက်လေးတစ်ကောင် ဖမ်းပြီး ရဲဘော်တွေ ထမင်းထုပ်အတွက် ဟင်းလေးဆိုပြီး လာပေးတယ်။

စစ်တပ်တွေ မီးရှို့လို့ မိုးမလုံ လေမကာ တဲလေး မီးထဲပါသွားတော့ အဝတ်တစ်ထည် ကိုယ်တစ်ခု ကလေးတွဲလောင်းနဲ့ စစ်ဘေးရှောင်စခန်းကို သွားရတယ်။

ဘာအသံမှ မထွက်ဘူး။ ဘာမှ မတောင်းဆိုဘူး။

တောင်းဆိုတာ တစ်ခုက ကျနော်တို့နဲ့တွေ့ရင် ဆရာတို့ အနိုင်တိုက်ပါနော်၊ ကျနော်တို့အိမ်ပျက်ပျက် အိုးပျက်ပျက် ကျနော်တို့ တောင့်ခံထားမယ် ဆိုတာပဲ တောင်းဆိုတယ်။

အကုန်လုံးတော့ မဟုတ်ပေမဲ့ ချမ်းသာကြတဲ့သူတွေ တော်တော်များများကပဲ အသံပေါင်းစုံ ထွက်တာကိုတော့ ကိုယ်တွေ့ပါပဲ။

အားလုံးက ကိုယ့်ကြိုးစားမှုနဲ့ကိုယ် ကိုယ့်နောက်ခံနဲ့ကိုယ် ဖြစ်လာကြပေမဲ့ အမှန်တရားတစ်ခုနဲ့ တရားမျှတမှုကို ကြိုးစားရယူတဲ့အခါမှာ ဘေးထွက်ဆိုးကျိုး ဒဏ်ကိုတော့ အောက်ခြေ လူတန်းစားတွေသာလျှင် အခံနိုင်ဆုံးပါပဲ။

~မာဝီ~

KNDF ဒုစစ်ဦးစီးချုပ်

Leave a Comment