လေလှိုင်းက ဘဏ် ဆိုပြီး လေအလွင့်မှာ တချက်တချက် ထခုန်တဲ့ ကြွပ်ကြွပ်အိတ်လို မလိုသူတွေက ရယ်မောကြတယ်။

ကျောက်သားကျောက်စိုင်ကိုတောင် ဖြိုခွင်းနိုင်စွမ်းရှိတဲ့ ခွန်အားကြီးမားတဲ့ လှိုင်းလုံးကြီးတွေကတော့ သူ့အလုပ်သူ တည်ငြိမ်စွာလုပ်ရင်း သက်သေထူနိုင်ကြတော့မယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဒစ်ဂျစ်တယ်ဘဏ် ဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် ပထမဆုံး မြေပြင်ဘဏ်ခွဲမှ နွေဦးချစ်သူတွေကို မကြာမှီ ကာလအတွင်းမှာ ဘဏ်ဝန်ဆောင်မှုတွေ စတင် ပေးပါတော့မယ်။

လွယ်မယ်ထင်လို့ လှမ်းခဲ့ကြတာမဟုတ်၊ နိုင်ကို နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ နွေဦး ခရီးကြမ်း ကို လမ်းဖောက်ခဲ့ကြတာပါ။ အခုဆို ပန်းတိုင်ကို မြင်နေရပါပြီ။

ပေါ်လာသမျှ ထိုးနှက်မှု အခက်အခဲတိုင်း ကို အားအဖြစ်ယူရင်း တဦးနဲ့တဦး လက်ချင်းခိုင်ခိုင်တွဲပြီး ဖီးနစ်ငှက်လို နှလုံးသားနဲ့ ပန်းတိုင်ဆီသို့ အရှိန်မပျက် တဟုန်ထိုး အတူပျံကြမယ်ဆိုတာ နွေဦးဘဏ်မှ နွေဦးသစ္စာ အဖြစ် ထပ်လောင်း တိုင်တည်အပ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top