မိုင်းလာရှင်းတဲ့ စစ်သားတွေ မိုင်းကွင်းထဲအရောက်ဖောက်ခွဲခံရ၊ စစ်သားတွေတပ်စွဲထားရာနေရာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက အကြမ်းဖက်စစ်သားတွေဟာ မိုင်းလာအရှာ အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲဝင်ရောက်လာလို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၂ယောက်ပွဲချင်းပြီးသေဆုံးသွားကာ အများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့မတ္တရာ မျိုးမှန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ဒီဇင်ဘာ ၂၈ရက်နေ့ မွန်းလွဲ ၁၂နာရီ ၂၂မိနစ်ခန့်က မိုင်းထောင်ထားတယ်ဆိုတဲ့သတင်းရလို့ ကား၂စီးနဲ့လာရှာတဲ့ စစ်သားတွေကို အသင့်ထောင်ထားတဲ့မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“မြို့ဆိုးကုန်းတံတားအနီးတွင် မိုင်းထောင်ထားတယ်လို့ သတင်းရရှိထားတယ်ဆိုပြီးအကြမ်းဖက်စကစများမှ မိုင်းကွင်း လာရောက် ရှင်းလင်းရေး ဆောင်ရွက်နေစဥ် အကြမ်းဖက်စကစ လေးဦးက မိုင်းကွင်းအနီးသို့ တဖြည်းဖြည်းချဥ်းကပ်လာခဲ့ရာ မိုင်းကွင်းပေါ်သို့ ရောက်လာချိန်တွင် ချိန်သားကိုက် မိုင်းခွဲနိုင်ခဲ့ခြင်းဖြစ်ပါတယ်”လို့မတ္တရာမျိုးမှန်အဖွဲ့ပြောခွင့်ရကပြောပါတယ်။

အလားတူ ထိုနေ့မနက်ပိုင်းမှာ မတ္တရာအရှေ့ပိုင်းနယ်မြေရှိ စစ်ကောင်စီတပ်သားများ အထိုင်ချ တပ်စွဲထားသော ပန်းသလဲတောင် စခန်းကုန်းပေါ်သို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ မှ လက်နက်ကြီးဖြင့် (၁၀) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများက စက်လက်နက်ကြီး(ငါးကြင်းမြီး) ၊ ( ၆၀ ) မမလက်နက်ကြီးများအပြင် RPGဖြင့်ပြန်လည်ပစ်ခတ်ခဲ့သေးတယ်လို့သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ မတ္တရာမျိုးမှန်အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စတင်တည်ထောင်ချိန်ကစပြီး စစ်အုပ်စုနဲ့ ၉၄ကြိမ်တိုက်ပွဲဖြစ်ပွားထားပြီး စသ်အုပ်စုဝင် ၂၄၄ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top