ကျွန်မ၏ အကောင့်ထဲတွင် လူကြီး မိဘများ၊ဆရာ ဆရာမများ၊သူငယ်ချင်းများ၊ဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်းများကို ရှေ့မျက်နှာ နောက်ထား၍ ကျွန်မ၏ ဂုဏ်သိက္ခာ နှင့် ကာအိန္ဒြေ ပျက်ပြားမှု အတွက် group များတွင် share ပေးခြင်းဖြင့် ကူညီကြပါနော်။

ကျွန်မ၏ အကောင့်ထဲတွင် လူကြီး မိဘများ၊ဆရာ ဆရာမများ၊သူငယ်ချင်းများ၊ဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်းများကို ရှေ့မျက်နှာ နောက်ထား၍ ကျွန်မ၏ ဂုဏ်သိက္ခာ နှင့် ကာအိန္ဒြေ ပျက်ပြားမှု အတွက် group များတွင် share ပေးခြင်းဖြင့် ကူညီကြပါနော်။

Bad Review

လုံးဝကို သွားမစားသင့်သော❌❌❌

လုံခြုံမှု လုံးဝ မရှိသော❌❌❌

တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိသော ဆိုင်❌❌❌

သူငယ်ချင်း Thai Cuisine-Tha Nge Jynn

အမှတ်(၈၁၃)၊သံသုမာလမ်း၊၁၃ ရပ်ကွက်၊၃၁ဂိတ်ဟောင်း၊တောင်ဥက္ကလာပမြို့နယ်။

ဖြစ်စဉ်

(၂၅.၁၂.၂၀၂၃ ) ခရစ္စမတ်နေ့တွင် ကျွန်မတို့မိသားစု နှင့် သူငယ်ချင်းများ ထိုဆိုင်တွင်သွားရောက် စားသောက်ခဲ့ကြသည်။

ည၁၀နာရီ ဝန်းကျင်တွင် ဆိုင်ပိတ်တော့မည် ဖြစ်သောကြောင့် ငွေရှင်းကာ ပြန်ခါနီးအချိန်တွင်ကျွန်မသည် ထိုဆိုင်၏ အိမ်သာထဲသို့ အိမ်သာတက်ရန်ဝင်သွားခဲ့သည်။

ကျွန်မ အိမ်သာထဲဝင် ကာ (ကျား/မ) ရှာသေးသည်။သို့သော် ကိုယ်မျက်စိ လျှမ်း၍ အိမ်သာတစ်ခုထဲရှိသည်ဟု ထင်ကာ (ကျား) အိမ်သာထဲသို့၀င်သွားမိသည်။ထိုဆိုင်တွင် လူများရှင်းနေ၍ ကျွန်မတို့တစ်ဝိုင်းနှင့် နောက်ထပ်အကိုကြီးနှစ်ယောက်တစ်ဝိုင်းသာရှိတော့သည်။

ကိုယ့် လူတွေဘဲ ရှိတော့သည်ဟုဆိုကာ အိမ်သာထဲသို့ စိတ်ချလက်ချ ၀င်သွားသည်။ထိုအချိန်တွင်ကျွန်မ၏ အ‌ခြေနေကို စောင့်ကြည့်နေသော waiter မှ အခွင့်ကောင်းယူကာ (မ)အိမ်သာထဲသို့၀င်၍ ကျွန်မအိမ်သာတက်နေသည်ကိုအပေါ်မှဖုန်းခရမ်းရောင်ဖြင့် video ရိုက်နေသည်။

သို့သော် ကျွန်မရေဆွဲချခါနီး အပေါ်ကို ကြည့်လိုက်သောအခါ ထိုဖုန်းနှင့် video ရိုက်နေသည်ကိုတွေ့ရှိ၍ (ဟိတ်ဘယ်သူလည်းဟုမေးလိုက်သည်)။

ထိုအချိန်တွင် အိမ်သာဗိုလ်ထိုင် အဖုံးကိုအမြန်ပိတ်၍ waiter မှာမိန်းကလေး အိမ်သာနောက်တစ်လုံးသို့ ၀င်သွား၍ အိမ်သာတက်ချင်ယောင်ဆောင်နေသည်။

ကျွန်မ အပြင်သို့ထွက်လာ၍ ကျွန်မအမျိုးသားကိုခေါ်ကာ ကျွန်မကိုအပေါ်မှ video ရိုက်နေကြောင်းရှင်းပြနေချိန်တွင် ထို waiter သည်အိမ်သာမှထွက်မလာသေးပေ။ ကျွန်မတို့နှင့် အတူပါလာသော သူငယ်ချင်းများ သည် ကား ကိုယ်စီနှင့် ပြန်သွားကြနှင့်ပြီဖြစ်သည်။ကျွန်မနှင့် ကျွန်မ အမျိုးသား သာ ကျန်ခဲ့ သည်။

ကျွန်မ လက်ဆေးနေချိန်တွင် ဖြစ်‌ကြောင်းကုန်စင်ကို ကျွန်မအမျိုးသားကို ပြောပြနေချိန်တွင်ထို waiter အိမ်သာမှ ထွက်လာသည်။

ကျွန်မမေးလိုက်သည်(ဘယ်မှာလည်းနင့်ရဲ့ဖုန်းငါ့ကိုပြဟု‌) ပြောရာတွင် ကျွန်တော့်မှာဖုန်းမရှိပါ။

ကျွန်တော်တို့ waiter တွေကအလုပ်ချိန်မှာ ဖုန်းသုံးလို့မရပါဘူးလို့‌ ပြောပါသည်။

ထိုအချိန်တွင် ဒီဆိုင်က မန်နေဂျာနှင့်စကား‌‌ပြောမည်ဟုပြောလိုက်ပါသည်။မန်နေဂျာ ကိုလည်းထို waiter ကိုယ်တိုင် ပင် သွားခေါ်ပေးခဲ့သည်။

ကျွန်မ CCTV ကြည့်ချင်သည်ဟုပြောလိုက်သည်။

ဆိုင်က ပိုင်ရှင်နှင့်တွေ့ချင်သည်ဟုလည်းပြောလိုက်သည်။

ပိုင်ရှင်မှာ ခရီးလွန်နေ၍ မန်နေဂျာ နှင့်ဆက်တူဖွင့်ထားသူဟု ထင်ရသူ အကိုတစ်ယောက်ရှိသည်။

တစ်ဆိုင်လုံးရှိ ၀န်ထမ်းများ၏ ဖုန်းများကိုပြသော်လည်း တစ်လုံးမှ မဟုတ်ခဲ့ပေ။

ကျွန်မကို video ရိုက်သည့် waiter ကိုမေးလိုက်ချိန်တွင် သူ့မှာဖုန်းမရှိဘူး ပျက်နေလို့ပြင်ထားတယ်လို့ပြောတယ်။

မန်နေဂျာကို CCTV သွားကြည့်ခိုင်းချိန်တွင် ထို waiter လည်းပါသွားသည်။မန်နေဂျာမှ CCTV ကြည့်ပြီးလာ‌ပြောသည်။ကျွန်မတို့ CCTV မကြည့်ရပေ။

အမ နှင့် သူအိမ်သာထဲမှာ၂ယောက်ပဲရှိသည် ။သူပဲဖြစ်သည်ဟုပြောသည်။ဘယ်မှာလည်း ဖုန်းဟုမေးတော့ ကလေးကကြောက်ပြီးဖုန်းကိုနောက်ဖေးလမ်းကြားထဲကိုပစ်လိုက်သည်ဟုပြောပါသည်။

ကျွန်မသည် ထိုဖုန်းကိုသွားကောက်ပြီး ရိုက်ထားသည့် video ကိုကြည့်ချင်သည် မဖျက်ပစ်နဲ့ဖျက်ပစ်လျှင် ပိုပြီး ပြဿနာကြီးသွားမည်ဟုအကြိမ်ကြိမ်သတိပေးခဲ့သည်။

သူငယ်ချင်းများလည်း အကြောင်းကြားလိုက်၍ ပြန်ရောက်လာခဲ့ သည်။

မန်နေဂျာဆိုသူမှ ထို waiter ကို ဖုန်းသွားကောက်ခိုင်းသည်။ သူ ပစ်လိုက်သည့်နေရာ သူသာသိ သည်ဆိုပြီး မိနစ် ၂၀ လောက်ကြာသည်။မန်နေဂျာမှ ဆိုင်ရှိဝန်ထမ်းအကုန်ကို waiter အနောက်သို့ကြာနေသောကြောင့် လိုက်ကြည့်ခိုင်းလိုက်သည်။

ကျွန်မတို့ကိုဖုန်းလာပေးချိန်တွင် video မရှိတော့ပေ။Video ကအဲ့အချိန် ထဲက တစ်ခါထဲဖျက်ပစ်လိုက်သည်ဟုပြောပါသည်။နင် video ဘယ်အချိန်ထဲ ကစရိုက်နေတာလည်းမေးတော့ စက္ကန့် ၃၀ ပဲ ရှိသေးသည် ဟုပြောသည်။

ကျွန်မတို့ သူ့ဖုန်းကို နည်းမျိုးစုံနှင့် ရှာကြည့်သေးသည် မတွေ့တော့ပေ။ဖုန်းကို factory restart ချရန် လုပ်သော်လည်း ထို waiter မှ password မသိဘူးဟုပြောသည် ။

နောက်ဆုံး သူ့ဖုန်းကို ကျွန်မတို့မှာပါလာသော သူငယ်ချင်း အကူအညီဖြင့် မိမိတို့Password ချိန်းခဲ့ပြီး သူပြန်ဖွင့်လျှင် မရအောင် သွားဖွင့် လျှင်လည်း ဆိုင်မှ factory restart ချမည်ဟုဆိုကာ password ပြောင်းခဲ့သည်။

ထိုအချိန်တွင် ည ၁၁နာရီခွဲ နီးပါးဖြစ်နေ၍အရမ်းမိုးချုပ်နေပြီ ဖြစ်သောကြောင့် ထို waiter နှင့် ဖုန်းကို ဆိုင်ရှင်မှ ထိန်းသိမ်းပေးထားရန် မှာခဲ့သည်။

26.12.2023 နောက်တစ်နေ့ မနက်မှာ ဆိုင်မန်နေဂျာမှ ဖုန်းဆက်လာသည်။ကျေနပ်တဲ့ အထိ လုပ်ပေးပါ့မယ်။ဖုန်းကို ရိုက်ခွဲ ချင်လား။အိမ်ယူပြီးစစ်ချင်လား။ခံဝန်ထိုးခိုင်းချင်လားဆိုပြီး ပြောပါသည်။

ထိုနေ့ညတွင် ကျွန်မတို့သည် waiter ကို ခံဝန်ထိုးပေးရန် နှင့် မှတ်ပုံတင် လိုချင်ကြောင်း ၊CCTV မှာ ကျွန်မ ကို ဘယ်အချိန်ထဲက စရိုက်နေသလဲ သိချင်၍ ကြည့်ချင်ကြောင်း ပြောရာ မန်နေဂျာမှ CCTV ကို ကြည့်၍ ကူးယူခွင့် ပြုခဲ့သည်။

မိမိမှာ ထို waiter ပြောသလို second 30 သာ ထင်ခဲ့ မိ၍ second 30 ဆို ဘာမှ မဖြစ်ပါဘူး ကျေအေးပေးမည် ဟု ဆိုကာ အမျိုးသားနှင့် အတူတူ ထိုဆိုင်သို့ သွားခဲ့သည်။

CCTV ကြည့်လိုက်ချိန်တွင် second 30 မဟုတ်ဘဲ 8 minutes ကျော်ခန့် ဖြစ်နေသည်ကို တွေ့ရသည်။ကျွန်မ အရမ်းထူပူသွားခဲ့သည်။ထို waiter မှာကျွန်မ ဝင်သွားသည်နှင့် ရည်ရွယ်ချက်ရှိရှိ (မ) အိမ်သာထဲသို့ ဝင်ကာ video ရိုက်နေခြင်းဖြစ်သည်။

ထို waiter သည် ကျွန်မတစ်ယောက်ထဲကို ရိုက်နေခြင်းမဟုတ်ဘဲ လူ လစ်ရင် လစ်သလို မိန်းကလေးတွေကို video ရိုက်ကာ လက်ရင်နေသူ တစ်ဦးဟု ထင်သည်။ကျွန်မ လို မျိုး မိန်းကလေး customer တွေရဲ့ video ကို ဘယ်လို sex group တွေမှာ ဘယ်လောက်တောင်ရောင်းစား ပြီးပြီလဲ။

ကျွန်မမှာအတွေးပေါင်းများစွာနဲ့ ဘယ်လောက်စိတ်ထိခိုက် ရလဲ။ကျွန်မ video ကို သူအိမ်သာထဲဝင်နေစဉ် sex group မျိုးစုံကို ဖြန့်လိုက်လျှင် ဘယ်လို လုပ်မလဲ။ဘယ်သူ တာဝန်ယူမလဲ။

ကျွန်မ အရမ်းစိတ်ဆိုး စိတ်ထိခိုက်ရတဲ့ အတွက် ကျွန်မ နစ်နာကြေးလိုချင်တယ်။ခံဝန်လက်မှတ်ထိုးပေးပါ။ waiterရဲ့ မှတ်ပုံတင် လည်းလိုချင်သည်ဟု မန်နေဂျာကိုပြောခဲ့သည်။မန်နေဂျာမှ အမျိုးသား၏ viber ထဲသို့ မနက်ကြလျှင် ပို့ထားပေးမည်။အမြန်ဆုံး ဆောင်ရွက်ပေးပါမည်။ သူငယ်ချင်း‌ တွေ စုဖွင့်ထားတဲ့ ဆိုင်ဖြစ်‌ သောကြောင့် တိုင်ပင်ပြီး ပြန်အ‌ေကြာင်းကြား‌ ပေးမည် ဟုပြောသည်။

27.12.2023 ထိုဆိုင်မှ ဖုန်းဆက်လာသည် ဘယ်လိုမှ သဘော မထားပါနှင့် အမကို နစ်နာကြေး ၁၀ သိန်း နဲ့ ခံဝန်ထိုးဖို့ လုပ်ပေးပါမယ်တဲ့။ ၁၀သိန်းတဲ့စဉ်းစားကြည့်ပါဦး သူတို့ရဲ့ ဆိုင်နာမည်က အဲ့လောက်ပဲတန်သလားလို့။

ကျွန်မလည်းပြန်ပြောလိုက်သည် သိန်း ၅၀ ပေးမှကျေနပ်မယ်လို့။ ကျွန်မ ဂုဏ်သိက္ခာနဲ့ အိန္ဒြေ ပျက်ပြားမှုကို သူတို့လုပ်တာ သိန်း ၅၀ နဲ့ တောင် တကယ်ဆို တန်မနေဘူးနော်။

ကျွန်မ Customer စိတ်ကျေနပ်တဲ့ အထိ သူတို့ဆိုင်က ဝန်ထမ်းကြောင့် သူတို့တာဝန် ယူပေးရမှာမဟုတ်ဘူးလား။ကျွန်မ ရင်ထဲမှာလေ ဘယ်လောက် စိတ်ထိခိုက်ပြီး စိုးရိမ် ပူပန်နေလည်း ခံဖူးတဲ့ သူမှ သိမယ်။

ဒီလို စာရိတ္တ မကောင်းတဲ့ ဝန်ထမ်း အကျင့် ပျက်ပြားနေတဲ့ ဝန်ထမ်း လက်ဆော့ပြီး နှာဘူးထနေ

‌‌တဲ့ ဝန်ထမ်းကို ခန့်ထားတာ ၁နှစ်ကျော်ပြီ အခုမှ သိတယ်ဆိုတော့ ဘယ်လို management ဘယ်လို အုပ်ချုပ်ပုံမျိုးနဲ့ ဖွင့်ထားတာလဲ အဲ့ဆိုင်က အခု ဖြစ်လာပြီ ဘာတာဝန် ယူနိုင်သလဲ။

သိန်း ၅၀ ဆိုရင် ပြန်တိုင်ပင်လိုက်ဦးမယ်ဆို ပြီး တစ်ရက်ခန့်ပင် ကြာသွားပြီးကျွန်မ အမျိုးသား ဖုန်းဆက်လည်းမကိုင် စာပို့လည်း စာသာ ဝင်၍ seen မပြပေ။

သိန်း ၅၀ ဆိုရင်တော့ သူတို့မပေးနိုင်ပေ။အမတို့ အဆင်ပြေသလို ဆက်လက်ဆောင်ရွက်ပါဆိုပြီးပြောသည်။viber မှ မန်နေဂျာ ပို့ထားသော waiter ၏ မှတ်ပုံတင်လည်း ပြန်ဖျက်သွား သည်။

ဆိုင်မှ ကိုယ့် waiter အတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိသလို ယခုလို ကိုယ့် Customer ၏ ဂုဏ်သိက္ခာနှင့် အိ‌န္ဒြေ ပျက်ပြားမှုကို လက်လွတ်စပယ် လုပ်တတ်သောဆိုင် ကို မိန်းကလေးများ အနေဖြင့် အထူး ဂရု ပြု ၍ စားသောက်ကြပါ ဟု သတိပေးချင်ပါသည်။

ဘယ်လိုနည်းနဲ့ customer စိတ်ကျေနပ်တဲ့ အထိ လုပ်ပေးမလဲ ‌ကြည့်ရသေးတာပေါ့။

စိတ်မကောင်းခြင်းများစွာဖြင့်

စာရှည်သွားလျှင် သည်းခံပြီး အဆုံးထိ ဖတ်ပေးကြပါ။share ပေးကြပါ။ တကယ့် ကိုယ်တွေ့မို့လို့ ကိုယ့်လို တခြား မိန်းကလေးတွေ ချောင်းရိုက်တို့ sex group တွေထဲ ‌မရောက်အောင် သတိပေးခြင်းပါ။

ငွေသည် ကျွန်မ အတွက် ဆိုင်ကို ဒဏ်ခတ်ရုံ စိတ်ထိ ခိုက်မှု အတွက် တာဝန် ယူခိုင်းခြင်း သာဖြစ်သည် ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *