ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄မှာ ခွါစစ်ဆင် ဗျုဟာနဲ့ ဖြဲ ပေးတဲ့ဗျုဟာကို ထိထိရောက်ရောက် ကျင့်သုံးမယ်လို့ သတိပေးပြန်

“၂၀၂၃ မှာ တပ်မတော် ကျင့်သုံးခဲ့တဲ့ ဗျုဟာ ၃ ခု ရှိတယ်။ မဆုတ်တမ်းခံစစ် ဗျုဟာ၊ ခွါစစ်ဆင်ဗျုဟာနဲ့ ရန်သူစစ်ကြောင်းကို ဟ ပေးလိုက်တဲ့ ဗျုဟာဆိုပြီးတော့ကြ ၃ ခုပေါ့..။

တပ်မတော်က ငြိမ်းချမ်းရေးနှစ်အဖြစ် ကြေညာခဲ့ပြီး သဘောထားကြီးကြီးနဲ့ တဖတ်သတ်အပစ်ရပ်ပေးခဲ့တာ ခင်ဗျားတို့လဲ သိမှာပါ။

အစပိုင်းက ခံစစ်သေပုံမျိုး ဖြစ်တော့ကြ ရန်သူဒရုန်းတွေလက်ချက်နဲ့ စစ်သည်အဆုံးအရူံး အင်မတန်မှကို များခဲ့ရတယ်။ အဲကျကျတော့ တဆင့်လျော့ပြီး ခွါစစ်ဆင် ဗျုဟာကို ပြောင်းလဲလိုက်ရပါတယ်။

ဗျုဟာ မှန်ကန်မူကြောင့် စစ်သည်အသက်ဆုံးရူံးမူ နည်းပြီး ရန်သူနဲ့ဝေးတဲ့နေရာအထိ အောင်မြင်စွာ ခွါစစ်ဆင်နိုင်ခဲ့တယ်။ အချို့တပ်မတော်သားတွေဆို အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေထဲအထိ ရောက်အောင် ခွါစစ်ဆင်နိုင်တာ တွေ့ရပါလိမ့်တယ်။

နောက်တခုက ဗျုဟာအရ ဟပေးတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောရရင် ရန်သူကို ကျုံးသွင်းတာဗျ။

ကျွံဝင်လာတဲ့ ရန်သူကို ကျားပါးစပ်လို ပြန်ပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ဖို့ အတွက် ရည်ရွယ်တာပေါ့။ အဲမှာကြ ဘာသွားတွေ့ရလဲ ဆိုတော့ကြ နယ်မြေစိုးမိုးမူနဲ့ အင်အားမှာ ရန်သူက သာလွန်တဲ့အတွက် ထိရောက်အောင် အကောင်အထည် မဖေါ် နိုင်ခဲ့ဘူး။

နောက်ဆုံးအနေနဲ့ ပြောချင်တာက…
တပ်မတော်က လုံခြုံရေး စခန်းတွေ၊ ရဲစခန်းတွေ၊ ဗျုဟာကုန်းတွေကို လက်လွတ်ပေးလိုက်တဲ့ကိစ္စ၊ ရန်သူရဲ့ ထိုးစစ်အင်အားကို လျော့ချဖို့ ဗျုဟာအရ ဖြဲ ချပေးလိုက်တာ။ အခုဆိုရင် စခန်းပေါင်း ၅၀၀ ကျော် ကို လက်လွတ်ပေးခဲ့တယ်။

ရန်သူက စခန်းတခုကို ၁၀ ယောက်နဲ့ ထိမ်းထားတယ်ဆိုရင်တောင် စခန်း ၅၀၀ ဆိုတော့ အင်အား ၅၀၀၀ သုံးလိုက်ရပြီ။ အဲဒါတောင် မြို့ကြီးတွေမှာ ထိမ်းရမယ့် အင်အား မပါသေးဘူး၊ ခင်ဗျား သဘောပေါက်တယ်မို့လား”

ဒါကြောင့် ပြည်သူတွေကို ပြောချင်တာက ရန်သူမှာ ဆက်ပြီး ထိုးစစ်ဆင်ဖို့အတွက် အင်အား မရှိတော့ဘူး၊ ထပ်သိမ်းလေ ထပ်လျော့လေ ဖြစ်တာကြောင့် နေပြည်တော်ကို ရောက်လာရင်တောင် တယောက် ၂ယောက်ထက် မပိုဘူး။

ဒါကလဲ နစကဥက္ကဌကြီး တည်ထားတဲ့ မာရဝိဇယဘုရား ဖူးဖို့ နဲ့ ဆင်ဖြူတော်ကို ကြည့်ချင်လို့ပဲ ဖြစ်လိမ့်မယ်။

အဲဒါကြောင့် အခု ၂၀၂၄မှာလဲ တပ်မတော်က အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့တဲ့ ခွါစစ်ဆင်ဗျုဟာနဲ့ ဖြဲ ပေးတဲ့ ဗျုဟာကိုပဲ ထိထိရောက်ရောက် ဆက်ပြီးကျင့်သုံးမယ်လို့ အသိပေးလိုတယ်” ဟု့ ပြောကြားသွားပါတယ်။

ငိုးမ ဇော်မဲလုံး၊ ၂၀၂၄ မှာ များများ ဟ ပြီး၊ များများ ဖြဲ ပေးနိုင်ပါစေ၊ ခွါစစ်ကိုလဲ ပြည်ပအထိ မကပဲ အဝီဇိအထိ ဆင်နိုင်ပါစေဗျားး။

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *