မနက် ၉နာရီ လွိုင်ကော် ထောင် အရှေ့မှ အသံလွှင့်ပြောကြားချက်
အမြောက်နဲ့ ထုလို ခေါင်းကို ထိခဲ့ပေမယ့် အပြောမပျက်ဘူး
ပြည်သူပို့သသော မေတ္တာကြောင့် ထူးဆန်းစွာ ကံသီခဲ့ပါသည်။
“စစ်တပ်ကို ဘယ်သူပိုင်လဲ”
လွိင်ကော်အကျဉ်းထောင်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ပါးစေ လုံခြုံရေးတွေကို ပြည်သူနဲ့အတူ ပူးပေါင်းကြဖို ကိုနေမျိုးဇင် ပြောကြားခဲ့တဲ့ စကားတွေပါ
ထပ်ဖြည့်ပြီး ပြောရရင်-
၂၀၁၄ ကတည်းက စစ်တပ်ရဲ့ ဥပဒေတွေကို ပြင်ဆင်ကာ ကာချုပ်အပိုင် စစ်တပ်ဖြစ်အောင် လုပ်ခဲ့တဲ့ မင်းအောင်လှိင်ဟာ အခုဆိုရင် နိုင်ငံတော် အာဏာကိုပါ အတင်းအဓမ္မ သိမ်းယူထားခဲ့တာ (၃) နှစ် ပြည့်ပါတော့မယ်
တပ်ထောက်ခံတွေ အနေနဲ့ ကာချုပ်ကို သေလောက်အောင် မကြိုက်နေပါစေ မင်းအောင်လှိင်ဟာ ကာချုပ်အဖြစ် သူနေရာဖယ်ပေးမှပဲ နောက်လူ တက်ခွင့်ရှိမှာပါ။ ဒါကိုက စစ်တပ်ဟာ မင်းအောင်လှိင် အပိုင် ဖြစ်နေတယ် ဆိုတာ ငြင်းမရတဲ့ အချက်ပါပဲ
အဲ့တော့ မင်းအောင်လှိင် ပိုင်တဲ့ စစ်တပ်ထဲက စစ်သားတွေ အနေနဲ့ နိုင်ငံတော်ကို ကာကွယ်နေတာလား မင်းအောင်လှိင်ကို ကာကွယ်နေတာလား ထမင်းစားနေတယ် ဆိုရင် ခွဲခြားပြီး သိမြင်နိုင်ပါလိမ့်မယ်
အခုထိ သဘောမပေါက်သေးရင်တော့ ခွေ-းပုတိုက ပျော်တာပေါ့။
ဘတ်ဘတ်ကြီး ခွေးပု ပလ္လင်သက် ရှည်ပါစေလို နေ့စဉ် ဆုတောင်းပေးကြလေ 😂
Leave a Reply