ဖားကန့်ရှိ စစ်ကောင်စီ၏ ဝှေခါစခန်းကို KIA က သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး

ဖားကန့်ရှိ စစ်ကောင်စီ၏ ဝှေခါစခန်းကို KIA က သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး၊ ထွက်ပြေးသည့် စစ်သားများကို လိုက်လံဖမ်းဆီးရင်း ဂျန်ဂါကျေးရွာအနီးတွင် တိုက်ပွဲထပ်ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီ၏ ဝှေခါစခန်းကို KIA က သိမ်း ပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ရှေ့တန်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

ဇန်နဝါရီ ၆ ရက်နေ့မှစတင်၍ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ ကျေး ရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ် များက စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ဝှေခါကျေးရွာရှိ စစ်တပ်စခန်းကို အပြီး သတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ စခန်း တွင် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိပြီး အများအပြားထွက်ပြေးကြကြောင်း သိရှိရသည်။

” စခန်းကို သိမ်းပြီး မီးရှို့လိုက်ပြီ။ ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်ရှင်း တာမှာ ဂျန်ဂါကျေးရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်တယ်။ စခန်းကို ဇန်နဝါရီ ၆ ရက်နေ့က စတိုက်တာ ဒီနေ့မှ သိမ်းမိတာ။ မနေ့ကတော့ ရှေ့ကင်းစခန်း လိုဟာမျိုးရတာ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိတွင် ဖားကန့်ရှိ စစ်ကောင်စီ၏ ဝှေခါစခန်းကို KIA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဖားကန့်တပ်ကုန်း မှ လက်နက်ကြီးများ တောက်လျှောက် ဆို သလို ပစ်ခတ်နေကြောင်း သိရှိရသည်။

ဖားကန့်တွင် စစ်ကောင်စီ၏ အခိုင်အမာစခန်းများအဖြစ် ဝှေခါ၊ ဖားကန့် ဗျူ ဟာ၊ လမောင်ကုန်း စခန်း၊ ယမ်းချက်စက်ရုံ နန့်ယား စစ်တပ်ကုန်း၊ ကာမိုင်း ဗျူဟာ တို့ရှိနေပြီး ဝှေခါ စခန်းကို ယနေ့ KIA က အပြီးသတ်သိမ်းပိုက် လိုက် ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top