Select Page

အာဏာသိမ်းတာ 3 နှစ်ပြည့်ခါနီးပြီ။

3 နှစ်အတွင်းမှာ မီဒီယာ တိုက်ပွဲတွေ အပြင်းအထန်ပဲ။

ဟိုဘက်က

pdf သင်တန်းဆင်းပြီ။

လက်လုပ်သေနတ်စမ်းနေပြီ။

မိုင်းတွေ စမ်းသပ်နေပြီ။

ဒရုံးလုပ်နိုင်သွားပြီ။

စခန်းသိမ်းနိုင်ပြီ။

စစ်ထဲဝင်ချင်တဲ့သူမရှိတော့ဘူး။

ဒီနေ့ မုန့်ဟင်းခါးပွဲရေ ဘယ်လောက် ၊ ဘယ်မြို့ ဆိုးအောက်

ငှက်ကင်လိုက်ပြီ

ဆိုတာမျိုးရေးကြသလို

ကိုယ့်ဘက်ကလည်း

ဒီနေ့ ပဒတ်ကင် ဘယ်လောက်

လင်းယုန် အစာကောက် ဘယ်လောက်

ငှက်ချေးပါ ဘယ်လောက်

မတ်လမရောက်ခင် အပြီး

လိုင်ဇာ သိမ်းပြီ

လက်ခတ်တောင် ပြန်ယူပြီ

ဂွမ်မော် မိပြီ

ထွန်းမြတ်နိုင်ဖမ်းမိ၊

မာဝီ ဆန့်ငင်ဆန့်ငင်

ဗိုလ်တာဘော ဘာဖြစ်

တပ်ချုပ်ကြီး ဒီတခါ ကြမ်းပြီ။

ဒါမျိုးတွေ ရေးကြတယ် မလား။

ဝမ်းနည်းစရာ ကောင်းတဲ့ အချက်က

ခု အာဏာသိမ်း 3 နှစ် အနှစ်ချုပ်မှာ

ကိုယ့်ဘက်က ရေးတာတွေ အားလုံးက

လော်တာသက်သက်ပဲ ဖြစ်နေပြီးတော့

ဟိုဘက်က ရေးတာတွေ အားလုံးက

တကယ်ဟုတ်နေတာကို ခါးသီးစွာ လက်ခံလိုက်ရတာပါပဲ။

ဒရုန်းလုပ်နိုင်နေကြတာလည်း ဟုတ်တယ်။

နေ့တိုင်း မုန့်ဟင်းခါးပွဲတွေ တက်နေတာလည်း ဟုတ်တယ်။

ငှက်ကင်တာလည်း ဟုတ်တယ်။

တမြို့ပြီး တမြို့ ဆိုးအောက်နေတာလည်း ဟုတ်တယ်။

စခန်းလိုက်တွေ ကျကုန်တာလည်း ဟုတ်တယ်။

အိုဗျာ.

သူတို့်ဘက်က ရေးတာတွေ အကုန်ဟုတ်တယ်ဗျာ။

မေးချင်တာက ခင်ဗျားတို့ အဲဒီလို မဟုတ်မဟတ်တွေ

လော်နေကြတဲ့ သတင်းအချက်အလက်မှားတွေကြောင့်

ကိုယ့်ဘက်က လူတွေ ဝေဝါးကုန်တာက လွဲရင်

ဘာတွေများ အကျိုးရှိလို့လဲဗျာ။

နောက်ဆုံးမှာ ကိုယ့်လူတွေကအစ ကိုယ့်ဘက်က သတင်းကို မယုံကြတော့တာပဲ ပေးဆပ်လိုက်ရတယ် မလား။

Credit