အိန္ဒိယနိုင်ငံက နယ်စပ်ခြံစည်ရိုးခတ်မယ်လို့ လုပ်တာဟာ မြန်မာတပ်မတော်သားတွေ ခနခန ထွက်ပြေးခြင်းနဲ့ မသက်ဆိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်း

“အဲဒါနဲ့ပတ်သက်ပြီးတော့ကြ ပြောရရင် သူနိုင်ငံရဲ့ လုံခြုံရေးအတွက် သူတို့ဖါသာသူတို့ အကုန်ကျခံ ခတ်တာလို့ အရင်ဆုံးပြောချင်တယ်”

“အဲဒီလို ခြံစည်ရိုးကာရန်တာဟာ ဒေါ်လာစား မီဒီယာတွေက ရေးနေကြသလို ကျတော်တို့ မြန်မာ တပ်မတော်သားတွေ သူနိုင်ငံထဲကို ခနခန၊ ထွက်ထွက် ပြေးလာလို့ မဟုတ်ပါဘူး၊ သူတို့ အဲဒီလိုကာတာကို နစကအနေနဲ့ တပ်မတော်အနေနဲ့ စိတ်ဆိုးစရာ၊ ရှက်စရာ၊ သိက္ခါကျစရာအကြောင်း မရှိပါဘူး”

“တရုတ်နိုင်ငံဆိုလဲ ခတ်ထားတာပဲ၊ အဲဒီလို ခတ်ထားကြတော့ကျ မြန်မာနိုင်ငံဘက်က မြေတွေ မဆုံးရူံးတော့ဘူး၊ ရှင်းရှင်းပြောရရင် နယ်မြေတွေ အခိုးမခံရတော့ဘူးပေါ့ဗျာ။ နှစ်နိုင်ငံ နယ်စပ် အငြင်းပွါးမူတွေပါ ကင်းသွားရတယ်။ အခုဆိုရင်ကြည့်၊ မြန်မာတပ်မတော်သားတွေ တရုတ်နိုင်ငံထဲကို ထွက်ပြေးဖူးတယ်လို့ ခင်ဗျား ဘယ်နှစ်ခါ ကြားဖူးလဲ”

“ထိုင်းဖက်ကိုရော ကြည့်အုံးမလား၊ နယ်စပ်စခန်းတွေကို ကရင်ပူပေါင်းတပ်တွေ သိမ်းခဲ့ပြီးတဲ့ ၂၀၂၂ နောက်ပိုင်း မြန်မာတပ်မတော်သားတွေဟာ ထိုင်းနိုင်ငံထဲကို လုံးဝကို ထွက်မပြေးကြတော့ဘူး”ဟု့ ရှင်းပြပြန်ပါတယ်။

ဆက်လက်၍ “နောက်လဲ အိန္ဒိယနိုင်ငံထဲကို မြန်မာ့တပ်မတော်သားတွေ ထွက်ပြေးချင်ပါတယ်ဆိုရင်တောင် ပြေးစရာ အကြောင်း မရှိတော့ဘူး၊ ဘာလို့ မရှိတာလဲ ဆိုတာကြ၊ ခင်ဗျားတို့ဖါသာ ခင်ဗျားတို့ ဆက်စဥ်းစားကြပေါ့ ၊ ကျတော်က ဒီလောက်ပဲ ပြောချင်တယ်” ဟု့ဆိုကာ အဆုံးသတ်သွားပါတယ်။

ကဲ မရှက်ကြနဲ့တော့ဟေ့၊ နောက်ဆို မအလသားတွေ အိန္ဒိယနိုင်ငံထဲ “ထွက် မပြေးနိုင်တော့ဘူး၊ ထွက်ပြေးစရာ အကြောင်းလဲ မရှိတော့ဘူး”တဲ့။

အေးလေ ဘယ်ရှိပါ့မလဲ၊ ရခိုင်တပ်တော်AAနဲ့ ချင်းတပ်ပေါင်းစုတွေက အကုန်သိမ်းလိုက်ပြီပဲဟာ….!

ငိုးမဇော်မဲလုံးး…လာနောက်နေတယ် ထွီ ! 😏😏

ချစ်ကိုကြီး

၂၁.၁.၂၄


Comments

Leave a Reply

Your email address will not be published. Required fields are marked *