ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိ

ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၁၂ နာရီခန့်က စတင်ပြီး ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အထိုင်ချတပ်စွဲသော စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ တင့်ကားဖျက် RPG ဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ jumper စက် ၁ လုံး၊ G3 ကျည်ဘောက် ၁ ခု၊ ကာဘိုင်ကျည် ၅၀ တောင့်၊ ၅.၅၆ ကျည် ၃၅ တောင့် ၊ စစ်ယူနီဖောင်းအချို့ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၁၄ ဦးကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့​ပါတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်(BNRA)၊ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)၊ Yaung Ni – Shwebo ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့၊ မိုးမခရဲခေါင် – ဒီပဲယင်းအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း-၄၊ အရာတော်Drone Force၊ တပလဖ အင်အားစုများ၊ နယ်မြေခံ(ပကဖ)တပ်ဖွဲ့များနှင့် PROJECT FLIGHT (We are everywhere)- Drone တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *