တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေး၊ ဇန်နဝါရီ ၂၃၊ ၂၀၂၄။

မန္တလေးတိုင်းရှိ တံတားဦးလေတပ်စခန်းကို အာဏာရှင်တော်လှန်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်းကာ ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီအချိန်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တံတားဦးလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး (U.S.O)အပါအဝင် မဟာမိတ်ဖြစ်တဲ့ Security and Special Task Force ( SSTF – MDY ) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သော်လည်း ၅ လုံးသာ အောင်မြင်စွာပစ်ခတ်နိုင်ပြီး ထိခိုက်ပျက်စီမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး။ ပစ္စည်းတွေက မအောင်လို့ အောင်ရင် ၁၂ လုံး” ဟု Brave Warriors for Myanmar (BWM)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

တံတားဦးလေတပ်စခန်းအနီးဝန်းကျင်ပတ်လည်က ကျေးရွာတွေမှာ စစ်ကောင်စီက ကင်းစခန်းတွေချထားပြီး လုံခြုံရေးကို တင်းကျပ်စွာချထားခြင်းကြောင့် အခုမစ်ရှင်ကို မြေပြင်တပ်ဖွဲ့တွေက ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ ၄ မိုင်ကျော်အကွာအဝေးလောက်က ပစ်ခဲ့တာ။ စစ်**တွေကို လုံခြုံရေးချထားတာက အဲဒီထက်ပိုဝေးတယ်။ သူတို့စည်းထဲကနေ ဝင်ပစ်ရတာ။ တော်တော်ခက်ခက်ခဲခဲကို ပစ်ခဲ့ရတာ” လို့ Brave Warriors for Myanmar (BWM) မှ ပြောရေးဆိုခွင့်ရှိသူက ဆက်ရှင်းပြပါတယ်။

တံတားဦးလေတပ်စခန်းဟာ လက်ရှိအခြေအနေမှာ အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေ၊ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အများဆုံးအသုံးပြုနေတဲ့ လေတပ်စခန်းဖြစ်တာကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေပြင်မှာ သွားရောက်ပစ်ခတ်ခဲ့တဲ့ မြို့ပြအထူးစစ်ဆင်ရေး (Urban Special Operation-USO) ကလည်း ချွတ်ယွင်းမှုရှိခဲ့တဲ့ ၁၀၇ မမ ၇ လုံးမှာ သုံးမရတော့တဲ့အတွက် ရဲဘော်တွေ ဘေးကင်းနိုင်စေရန် ထားခဲ့ရခြင်း ဖြစ်ပြီး အဲဒီ ၇ လုံးကို စစ်ကောင်စီက သိမ်းဆည်ရမိသွားတယ်လို့ သတင်းရရှိကြောင်းနဲ့ ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံရာကို ရောက်ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။

မစ်ရှင်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပေးခဲ့ကြတဲ့ ဒေသနယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ ရဲဘော်ညီကိုတွေကိုလည်း ကျေးဇူးအထူးတင်ကြောင်း မြို့ပြအထူးစစ်ဆင်ရေး (Urban Special Operation-USO) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေး တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက် ခိုက် မှု အဆောက် အအုံ တစ်ခုထိမှန်မီးလောင်၊ ရှော့တိုက်ဒုံး ၇ လုံး ပစ်မရ၍ စစ် ကောင်စီက သိမ်းဆည်း (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မန္တလေး၊ တံတားဦးလေတပ်စခန်းကို ယမန်နေ့ ညနေပိုင်း ရှော့တိုက်ဒုံး ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation(U.S.O) မြို့ပြ အထူးစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၄၉ မိနစ်အချိန် မန္တလေးတိုင်း၊ တံတားဦး မြို့နယ်ရှိ တံတားဦးလေတပ်စခန်းကို မြို့ပြအထူးစစ်ဆင်ရေးမှ မဟာမိတ် အဖွဲ့ နှင့်အတူ တာဝေးပစ် ၁၀၇ မမ ၁၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း မစ်ရှင်ကို Brave Warriors For Myanmar (BWM) ၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပြ အထူး စစ်ဆင်ရေး (U.S.O) နှင့်အတူ မဟာမိတ်ဖြစ်သော Security & Special Task Force (SSTF-MDY) တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ကြောင်း သိရှိရသည်။

တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရှော့ တိုက်ဒုံး ၅ လုံးသာ ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ရှော့တိုက်ဒုံး ၇ လုံးမှာ ချွတ် ယွင်း ချက် ဖြစ်ပြီး မပစ်ခတ်နိုင်ဘဲ ထားပစ်ခဲ့ရကြောင်း၊ ယင်းရှော့တိုက်ဒုံး ၇ လုံး ကို စစ်ကောင်စီက သိမ်းဆည်းသွားခဲ့ကြောင်း U.S.O မှ တာဝန်ရှိသူက ပြော ကြားသည်။

” ရှော့တိုက်ဒုံး ၁၂ လုံး ပစ်ခတ်ရန် ရည်ရွယ်ခဲ့ပေမယ့် ၇လုံးခန့် ချွတ်ယွင်းချက် ဖြစ်တယ်။ ၅လုံးပဲ ပစ်လွှတ်နိုင်ခဲ့တယ်။ Error ရှော့တိုက်ဒုံး ၇ လုံးကို သုံးမရ တော့တဲ့ အတွက် ရဲဘော်တွေ ဘေးလွတ်ကင်းနိုင်စေဖို့ ထားခဲ့ရတယ်။မြေပြင် သတင်းအရ စစ်ကောင်စီက သိမ်းဆည်းသွားတယ်လို့ သိရတယ်” ဟု U.S.O မှ တာဝန်ရှိသူက ပြောကြားသည်။

တံတားဦးလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရာတွင် အဆောက်အအုံ တစ်ခု ကို ထိမှန်၍ မီးလောင်ကျွမ်းသွားကြောင်း မီးလောင်မှုကို မြင်တွေ့ ခဲ့ရ သည့် ဒေသပြည်သူများက ပြောဆိုသည်။

“ရှော့တိုက် ဒုံးထိပြီး မီးလောင်တာမြင်ရတယ်။ အဆောက်အအုံတစ်ခုကို ထိပြီး မီးလောင်တာ မြင်ရတာ။ ဘာအဆောက်အအုံလဲတော့မသိဘူး။ လေတပ်ထဲက အဆောက်အုံပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တံတားဦးလေတပ်စခန်းတွင် ယမန်နေ့ ညနေပိုင်း မီးလောင်မှုကြောင့် မီးခိုးလုံး ကြီးများ တက်လာသည်ကို မြင်ရကြောင်း အခြား မန္တလေးဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။

“မီးခိုးလုံးတွေကြီးထလောင်နေတာ။ စစ်သားတွေက လေယဉ်ကွင်း အရှေ့ ဘက် ခြမ်းနေတာ။ ရှော့တိုက်ဒုံးက စစ်သားတွေ နေတဲ့ အရှေ့ဘက်ခြမ်းကျတာ။ မီးလောင်တာတော့တော် တော်ကြီးတယ်”ဟု အခြားမန္တလေး ဒေသပြည်သူ တစ် ဦးက ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *