ကျောက်ထုတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသရှိ စစ်တပ်၏ ကျောက်ထုတပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်း​ဒေသရှိ အကြမ်းဖက် စစ်တပ်၏ ကျောက်ထုစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဘန်းချောင်း​ဒေသရှိ အကြမ်းဖက် စစ်တပ်၏ ကျောက်ထုစခန်းကို KNLA တပ်မဟာ ၄ (တပ်ရင်း၂၇) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့​ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရှိရသော်လည်း ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ အမည်စာရင်း အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တပ်စခန်းသည် တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်နိုင်သည့် စစ်စခန်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံနှင့် ရုပ်သံများတွင် သိမ်းဆည်းမိထားသော လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်းတွေကိုတွေ့ရပြီး စစ်ကောင်စီ စခန်းအဆောက်အအုံ မီးရှို့နေသည့် ရုပ်သံများလည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက “စခန်းတစ်ခုသိမ်းလိုက်ပါတယ်။ ဒီလောက်ပဲပြောလို့ရပါဦးမယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များကို ပြောဆိုထားကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်သည့် ဖြစ်စဥ်ကို တော်လှန်ရေးတပ်ဖွဲ့များက အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆက်လက် ပြောဆိုသည်။

ဓာတ်ပုံ – သုးခိဥ်သဥ်မံညီ၊ Thokie Paw

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top