ရန်ကုန်တိုင်း PDF တပ်ရင်းကို NUG လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း ၅၁၀၁ အား လက်နက်တပ်ဆင် ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။

လက်နက်တပ်ဆင်ခြင်းက အခမ်းအနားကို ရှေ့တန်းတနေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး PDF တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် အမှတ် (၂) စစ်ဒေသခွဲ၊ ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်ဆင်ပေးသည့် လက်နက်ငယ်များကို တပ်ရင်းမှူး ဩကာသ နှင့် တပ်ခွဲမှူး ရဲဘော်စိုင်းငယ်တို့က လက်ခံရယူခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူအားထူးချွန်စွာ ချေမှုန်းနိုင်ခဲ့သည့် စနိုက်ပါ တပ်ဖွဲ့ နှင့် စည်းကမ်းရေးရာစံပြတပ်သားစုတို့ ကိုပါ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ လက်နက်တပ်ဆင်ခြင်းသည် စစ်ကောင်စီအား ချေမှုန်းတိုက်ခိုက်ရန်နှင့် ပြည်သူကိုကာကွယ်ရန်ဖြစ်ကြောင်း ရဲဘော်ဒေဝက ပြောဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအပြင် ပြည်ထောင်စုဘက်ဂျက်မှ ရန်ပုံငွေများ ၊ အများပြည်သူလူထု၏ လက်နက်တပ်ဆက်ရေး ပရောဂျက်များအတွက် ထည့်ဝင် လှူဒါန်းမှုများ ဖြင့် စစ်ပညာသင်တန်းများနှင့် လက်နက်တပ်ဆင်ခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင် လျက်ရှိကြောင်းကိုလည်း အသိပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *