မြောင်မြို့နယ်၊ မတ္တရာနှင့် အရာတော်တို့တွင် စစ်တပ်စခန်း၊ ပျူခေါင်းဆောင်နေအိမ်၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မြောင်မြို့နယ်၊ မတ္တရာနှင့် အရာတော်တို့တွင် စစ်တပ်စခန်း၊ ပျူခေါင်းဆောင်နေအိမ်၊ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စစ်တပ်အထိုင်စခန်းကို ရှော့တိုက်ဒုံး ၁၅ လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခန့်အထိ မြောင်မြို့နယ်၊ ကျောက်ရစ်အထိုင် စခန်းရှိ စစ်ကောင်စီတပ်သားများ နေထိုင်ရာ နေရာများကို “Shar Htoo WAW” နည်းပညာ တိုက် ခိုက်ရေး Fixed Wings Drone များဖြင့် Air Bomb ၁၀ လုံး ၊ လက်လုပ် Rocket ၁၅ လုံးတို့ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံ စမ်းဆဲဖြစ်ကြောင်း သိရသည်။

“ပစ်မှတ်နေရာတွေတော့ ကျခဲ့တယ်၊ အထိအခိုက်အပျက်စီးကတော့ စုံစမ်းနေတုန်းပဲ” ဟု စစ်ကိုင်း ခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDFနှင့်အတူ ညီနောင် မဟာမိတ် များဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ ချောက် PDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း – တပ်ခွဲ ၂ ၊ Justice Warriors Forces ၊ ကလေးခရိုင် အမှတ် ၁၁ တပ်ရင်း နှင့် ရွှေဘိုတိုက်နယ် ၁ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေချောင်းရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလနေ့ ၂၇ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်အချိန် မတ္တရာမြို့နယ်၊ ရွှေချောင်းရွာရှိ ပျူ စောထီးခေါင်းဆောင်နေအိမ်၌ ပျူစောထီးများ စုဝေးနေစဉ် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ ရာ ရည်မှန်မှန်းထားသော ပစ်မှတ်နေရာသို့ တည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူစောထီးများထိ ခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာ Drone တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် Drone အဖွဲ့ ၊ မတ္တရာ မြို့နယ် (ပကဖ) နှင့် ပဒူတိုက်နယ် (Zone -4) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် မြို့အဝင် စစ် ဆေးရေးဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၄ တာဝန်ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၃ မိနစ်အချိန်က အရာတော်မြို့မရဲစခန်းကို ၆၀ မမ ဗုံးသီး ၄ လုံး၊ အရာတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ၆၀ မမ ဗုံးသီး ၂ လုံး နှင့်အရာတော်မြို့အ ဝင်ရှိ စစ်ဆေးရေးဂိတ်ကို ၆၀ မမ ဗုံးသီး ၁ လုံးတို့ကို ဒရုန်း ၂ စီးဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၄ ဒရုန်းတပ်ဖွဲ့ နျင့် အရာတော်မြို့နယ် ပကဖ တိုက်နယ် ၁၀ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *