ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေး ရဲဘော် ၂ ဦးကို သံကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီး အောင်ပွဲခံ

ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေး ရဲဘော် ၂ ဦးကို သံကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ပြီး အောင်ပွဲခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦးကို အရှင်ဖမ်းဆီးရရှိချိန်တွင် ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့၊ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း အဖွဲ့YDF ၊ YPDF ၊ CNA ၊ CDF-KKG ၊ နဂါးညီနောင်ပကဖ၊ ယောညီနောင်ပကဖ ပူးပေါင်းထားသော မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကို မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးတပ်ဖွဲ့နှင့် စစ်တပ်က ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းရဲဘော် ၂ ဦးကို သံကြိုးများတုပ်ကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ပျူစောထီးများ၏ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်မှု ခံခဲ့ရသော တော်လှန်ရေးရဲဘော် ၂ ဦး အကြောင်း စုံစမ်းရာ YDF တပ်မှဖြစ်ပြီး ရဲဘော်နှစ်ဦးသည် စမိတ်ကျေးရွာနှင့် ဇီးပြားကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။

“ဒီလောက်ရက်ရက်စက်စက် လုပ်ထားတဲ့ကျေးရွာဗျ။ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးခေါင်းဆောင် ထက်ဝေဦးက ဦးဆောင်ပြီး သတ်တာ။ ဒီလို သတ်ဖြတ်မှုကို ကမ္ဘာကိုလည်း သိစေချင်တယ်” ဟု ဂန့်ဂေါဒေသမှ သတင်းရင်းမြစ်က ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *