နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာတွင် စခန်းချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၈ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုန်သာရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ယာယီစခန်းချနေ သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး ခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကပြောကြားသည်။

ဖေဖော်ဝါရီလ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ကုန်းသာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ယာယီစခန်းချနေထိုင်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လာရောက်တိုက်ခိုက် မည်ကို ကြောက်ရွံ့သဖြင့် ကုန်းသာ သင်္ချိုင်းကုန်းအနီး ကင်းပုန်းဝပ်ရန် ထွက်လာစဉ် ဒရုန်းဖြင့် ဗုံးသီး တစ်လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကင်းပုန်းမဝပ်ရဲတော့ပဲ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့သို့ ထွက်ပြေးပြီး ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအတွင်း ဝင်ရောက်ပုန်းအောင်းနေစဉ် ဗုံးသီး ၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ပုန်းအောင်နေရာ အဆောက်အအုံပေါ် သို့ တည့်တည့်ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“ဒီတိုက်ခိုက်မှုက စံပြကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ကုလားလေးအတွက် လက်စားချေ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာပါဖြစ်ပါတယ်၊ စစ်ကြောင်းက မနေ့က ညနေ ၃ နာရီ လောက် ကတည်းက မြင်းခြံမြို့ပေါ်ကို ပြန်ထွက်သွားပါပြီ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင် တပ်ရင်း -၉) တပ်ဖွဲ့၊ မြင်းခြံခရိုင် အ မှတ် ၁ တပ်ရင်း 27 Revolution Forces၊ မြင်းခြံ ပ.က.ဖ ၊Triger Brother နှင့် မြစ်သား PDF တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MBTတပ်ဖွဲ့အနေဖြင့် အညာမှာမုန်တိုင်းထန် စစ်ဆင်ရေး ဆင်နွှဲ တော့မည်ဖြစ်သဖြင့် လိုအပ်နေသော လက်နက်ခဲယမ်းများကို ကူညီပေးကြ ပါရန် မေတ္တာရပ်ခံ ထားသည်။

သတင်းထုတ်ပြန်ချက်။ ။၂၀၂၄၊ဖေဖော်ဝါရီလ ၉ရက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုန်သာရွာတွင် ၂၀၂၄၊ဖေဖော်ဝါရီလ ၇ ရက်၊ နေ့လည် ၁၂နာရီဝန်းကျင်တွင် စ.စ်ကြောင်းထိုးလာတဲ့အကြ.မ်းဖက်စ.စ်အုပ်စုက PDFတွေလာတို.က်မှာကြောက်ပြီး ကုန်းသာ သင်္ချိုင်းကုန်းမှာ ကင်းပုန်းဝပ်ဖို့ထွက်လာမယ်ဟု အတွင်းသတင်းပေးက တိတိကျကျသတင်းပေးလို့ ညီနောင်မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးတလုံးချတို.က်ခိုက်ခဲ့ရာ ကင်းပုန်းမဝပ်တော့ပဲ ကြောက်ပြီးထွက်ပြေးသွာပါတယ်။

ထွက်ပြေးခွေးတွေဝင်သွားတဲ့ အဆောက်အဦးကို ဒရုန်းနဲ့ ဗုံးသီး၂လုံးချတို.က်ခိုက်ခဲ့ရာမှာ အဆောက်အဦးပေါ်တည့်တည့်ကျရောက်ပေါက်ကွဲခဲ့လို့ စခ၈ကောင်6သ၊၃ကောင်Dဏ်ရာရသွားတယ်လို့ အတွင်းသတင်းအရသိရပါတယ်။

အထက်ပါတို.က်ခိုက်မှုကို စံပြတို.က်ပွဲမှာကျ.ဆုံးခဲ့တဲ့ကျနော်တို့ရဲဘော် ကုလားလေးအတွက် လက်စားချေစ.စ်ဆင်ရေးအဖြစ်နဲ့တို.က်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတို.က်ခိုက်မှုကို ကျနော်တို့ Myingyan Black Tiger(MBT) ( မြင်းခြံခရိုင်တပ်ရင်း -၉) တပ်ဖွဲ့နဲ့အတူ ညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces၊မြင်းခြံ ပ.က.ဖ ၊Triger Brother ၊မြစ်သားPDF တို့ပူးပေါင်းတို.က်ခိုက်ခဲ့တာလို့သိရပါတယ်။

ကျနော်တို့ Myingyan Black Tiger (MBT)တပ်ဖွဲ့အနေဖြင့် အညာမှာမုန်တိုင်းထန်စ.စ်ဆင်ရေးဆင်နွှဲတော့မှာမို့ လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေကို ကူညီပေးကြဖို့လိုအပ်နေပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *