မင်္ဂလာဒုံလေဆိပ်အနီး လေယာဉ်သင်တန်းကျောင်း ဂိတ်ပေါက်၀ရှိ လုံခြုံရေးကင်းစောင့် စစ်သားများကို ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိနိုင်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံလေဆိပ်အနီး လေယာဉ်သင်တန်းကျောင်း ဂိတ်ပေါက်၀ရှိ လုံခြုံရေးကင်းစောင့် စစ်သားများကို ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိနိုင်ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျား OperationFlameက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် အင်းစိန်မြိုနယ်၊ မင်္လာဒုံလေဆိပ်အနီး၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) နှင့် ပြည်လမ်းမထောင့်ရှိ လေယာဉ်သင်တန်းကျောင်း (Flight Training Center) ဂိတ်ပေါက်ဝရှိ ကင်းစောင့်စစ်သားများကို အဝေးထိန်းမိုင်းများအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်သားများ၏ထိခိုက်မှုအခြေအနေများအား စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲသားများအားလုံး ဘေးကင်းရာသို ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရန်သူထိခိုက်မှု ရှိနိုင်တယ်…။ တိုက်ခိုက်ပြီး မကြာခင် ခွေးကားတွေနဲ့ Ambulanceတွေ ရောက်လာတာ ကျွန်တော်တို့ ကင်းသမား ပြန်မဆုတ်ခွာခင် နောက်ဆုံး တွေ့လိုက်ရတယ်။ အသေးစိတ်တော့ မသိရသေးဖူး..စုံစမ်းဆဲပါ” ဟု ရန်ကုန်မြို့ပြ ပြောက်ကျား OperationFlameက ပြောဆိုသည်။

ယခုစစ်ဆင်ရေးကို Operation Flame (OF)မှလုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ၊ ရန်ကုန်အတွက် အောင်ပွဲဆီသို တော်လှန်ရေးညီနောင်ရဲဘော်များအားလုံးနှင့် အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက် ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *