ရွှေဘိုမြို့ တက္ကသိုလ်ဝင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်တပ် ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခရိုင်ရဲမှူးအပါအဝင် ၆ ဦးဒဏ်ရာရ

ရွှေဘိုမြို့ တက္ကသိုလ်ဝင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ စစ်တပ် ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခရိုင်ရဲမှူးအပါအဝင် ၆ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တက္ကသိုလ်ဝင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခရိုင်ရဲမှူးအပါအဝင် ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerrilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးကပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းဝန်း အတွင်း အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Fixed Wings နည်းပ ညာ Drone လေယာဉ်ဖြင့် ဝေဟင်မှ Drop ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ခရိုင်ရဲရုံးအတွင်းသို့ Fixed Wings နည်း ပညာဖြင့် Drone လေယာဉ်ဖြင့် ဝေဟင်မှ Drop ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ခရိုင်မှူးရဲမှူး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ နယ်စည်းမခြားရွှေဘိုသား Local PDFအဖွဲ့၊ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မတစ် ထောင်(တစ်ကောင်ဘွား)ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Yaung Ni Shwe Bo ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် ရွှေဘို သခင်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ဆက်လက်၍ အကောင်းဆုံးသော Mission များ ဖော်ဆောင်နိုင်ရန်အတွက် Drop ဗုံးသီးများ၊ Fixed Wings များ ဆက်လက်တည်ဆောက်နိုင်ရန် ငွေးကြေးအခက်ခဲများရှိနေသည့်အတွက် ပြည်တွင်း၊ ပြည်ပ မှ ထောက်ပို့ညီကိုမောင်နှ များအနေဖြင့် တက်နိုင်သမျှ ဝိုင်းဝန်းကူညီထောက်ပို့ပေးကြပါရန် ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ကမေတ္တာရပ်ခံထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *