ဘယ်ကမှမရသေးသလို ဘယ်ကိုမှမပေးရသေးပါ

ကောလင်းသတင်း

ဘယ်ကမှမရသေးသလို ဘယ်ကိုမှမပေးရသေးပါ

9.2.2024 kawlin at 3:00 pm သတင်း

ကောလင်းမြို့တွင်း ဝန်းသိုခမရ 120 မှလက်နက်ကြီး
ပစ်ခတ်မှူကြောင့်ကောလင်းမြို့တွင်း ပြည်သူနေအိမ်အချို့
မီးလောင်ပျက်စီးကြောင်း သတင်းရရှိထားပါတယ်။

ဝန်းသိုခမရ၁၁၁၊၁၂၀ ကနေဟောင်ဝှစ်ဇာ​ဖြင့်ကောလင်း
အား ၇.၂.၂၀၂၄ ညပိုင်း8:00 နာရီမှစတင်၍ 10:45 နာရီအတွင်းအချက်၄၀ ပစ်ခတ်ခဲ့ပါတယ်။

8.2.2024 ရက်နေ့ 8:00 am မှ 9:40 amအတွင်း(7) ချက်
9.2.2024 ရက်နေ့ 5:00 am မှ8:15 amအတွင်း(21) ချက် ပစ်ခတ်ခဲ့ပြီးနောက် ကောလင်းမြို့ပေါ်ရပ်ကွက် အချို့သို့
ကျရောက်ကာ လူနေအိမ်အချို့ပျက်စီးခဲ့တယ်လို့သိရပါ
တယ်။

လက်ရှိကောလင်းမြို့တွင်း ကာကွယ်ရေးတပ်များနှင့်
အကြမ်းဖက် စကစတပ်များမှာ ထိတွေမှူများ မကြာခဏ
ဆိုသလို ပစ်ခတ်မှုများရှိနေပြီး ကောလင်းအားစကစ
သိမ်းပိုက်ဆိုသောမဟုတ်မမှန်သတင်းများအား စကစ
လှော်ဘီများမှ ဖြန့်နေကြောင်းတွေ့ရှိရပါတယ်။

ကောလင်းအား ကာကွယ်ရေးတပ်များမှကာကွယ်ရန်
ကြိုးစားနေဆဲဖစ်သလို စကစမှလည်းဆက်လက်ကြိုးစား
နေဆဲဖြစ်ကာ အပြန်အလှန်အနေအထားပဲရှိနေသေး

လက်ရှိ 9.2.2024 kawlin at 3:20 pmတွင်ကောလင်းမြို့၊
ကျော်ဇေယျာ တောင်ပိုင်းအား စကစမှ မီးစရှို့နေဟု
သတင်းရရှိထားပါတယ်။

KR-Teams

photo စကစလှော်ဘီမှတင်ထားသော သတင်းအမှား


Comments

Leave a Reply

Your email address will not be published. Required fields are marked *