စစ်ကောင်စီထံမှ သိမ်းမိတဲ့ လက်နက်တွေနဲ့ KNDF သင်တန်းဆင်းမှာ စစ်ရေးပြ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၆) မှ (၂)လတာပြုလုပ်ခဲ့သည့် အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲအား ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဗျူဟာနယ်မြေတစ်ခုမှာ ပြုလုပ်ခဲ့ပါတယ်။

KNDF ဗျူဟာအမှတ် (၆)ရဲ့ အပတ်စဉ်(၃) အခြေခံစစ်သင်တန်းအား ဗျူဟာနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်ရာကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ၌ ကရင်နီပြည်တပ်မတော်(KA) မှ တပ်ဗိုလ်တပ်မှူးများ၊ KNDF တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ပါတယ်။

KNDF ဗျူဟာ အမှတ် (၆) ၏ သင်တန်းဆင်းပွဲတွင် သင်တန်းပြီးမြောက်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရန် အသင့်ဖြစ်ခဲ့ပြီ ဖြစ်သော ရဲဘော်များမှ

အဲ့ဒီသင်တန်းဆင်းပွဲမှာ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်တွေနဲ့ စစ်ရေးပြ ပြုလုပ်ခဲ့ပြီး စိတ်ဓာတ်မြှင့်တင်ရေး အတွက်လည်း ရည်ရွယ်တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *