ဇရပ်ကြီးမြို့၊ မြို့စိုးတံတားစောင့်စစ်တပ်ဂိတ်နှင့် စစ်ကူယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် တံတားကျိုးကျသွား

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ မြို့စိုးတံတားစောင့် စစ်တပ်ဂိတ်နှင့် စစ်ကူယာဉ်တန်းကို တော်လှန်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် မြို့စိုးတံတား ကျိုးကျသွားခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ရိုးမစစ်ကြောင်းထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ကို အမှတ် ၂ စစ်ဒေသခွဲ စစ်တောင်း မြစ်ဝှမ်း စစ်ဆင်ရေး အစီအမံဖြင့်ဆောင်ရွက်သော ကျိ၃်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ပွဲဖော်ဆောင်ခဲ့ရာ ရိုးမ ၂ စစ်ကြောင်းက ထန်းတပင်မြို့နယ်၊ မြို့စိုး တံတားဂိတ်များနှင့် အကြမ်းဖက်စစ်‌ကောင်စီ၏ စစ်ကူလမ်းကြောင်းများကို ဖြတ်တောက် ချေမှုန်း ရေး အဖြစ် တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီ အချိန်မှ စတင်၍ မြို့စိုးတိုက်ပွဲကို ရိုးမ ၂ စစ်ကြောင်း၊ KNLA ၊ ၃၅၀၁ ရိုးမ ၃ ၊ ၃၅၀၂ တို့ပူးပေါင်းကာ မြို့စိုးတံတားဂိတ်စခန်းများကို ချေမှုန်းခြင်း၊ ဖြူးမြို့ဘက်မှ စစ်ကူ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ သံချပ်ကာကား (Tank)၊ BT-3၊ BMDR တိုက် ခိုက်ရေးယာဉ်တန်းတို့ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်တိုက်ခိုက်ချေမှုန်းခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း စစ်ကူလာသည့် သံချပ်ကာယာဉ်တန်းသည် အထိအခိုက်အကျအဆုံးများ စွာဖြင့် ကျွဲပွဲမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ မြို့စိုးတံတားဧရိယာကို နေ့လည် ၁၁ နာရီအချိန်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ကာ ညနေပိုင်းတွင် စစ်ရေးရည်မှန်းချက် အောင်မြင်ပြီးဆုံးသဖြင့် ပြန်လည် ဆုတ်ခွာလာခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦးက ဖက်ဒရယ်ဒီမိုက ရေစီနှင့် တိုင်းပြည်အတွင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်‌ကောင်စီသည် တင့်ကား၊ ဟောင်ဝှစ်ဇာလက်နက်ကြီး ၊ လေယာဉ်များစွာဖြင့် ဇရပ် ကြီး မြို့ထဲသို့ ပစ်ခတ်ကာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်များကို ပြောင်ပြောင်တင်းတင်း သတ် ဖြတ် ဖျက်ဆီးခဲ့သဖြင့် ပြည်သူအများအပြား ထိခိုက်သေဆုံးကာ အိုးအိမ်များလည်း ပျက်စီးခဲ့ရ ကြောင်း ရိုးမစစ်ကြောင်း ၂ ကထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *