တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများက ကောလင်းတော်လှန်ရေးတပ်ဖွဲ့အတွက် ငွေကျပ် ၂၅၅၀၀၀ ကျပ်လှူဒါန်း

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများက ကောလင်းတော်လှန်ရေးတပ်ဖွဲ့အတွက် ငွေကျပ် ၂၅၅၀၀၀ ကျပ်လှူဒါန်း၊ ထောင်ဝင်စာဝယ်မည့် ငွေကြေးများကို စုပေါင်းလှူဒါန်းခြင်းဖြစ်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများက ကောလင်းတော်လှန်ရေးတပ်ဖွဲ့အတွက် ငွေကျပ် ၂၅၅၀၀၀ ကျပ်လှူဒါန်းကြောင်း နွေဦးရောင်ခြည်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထိုသို့ လှူဒါန်းခြင်းဖြစ်ပြီး NUG pay မှတစ်ဆင့် လှူဒါန်းလိုက်ကြောင်း ၊ လှူဒါန်းမှုကြောင့် အကျဉ်းထောင်များတွင် ဖိနှိပ်မှုများရှိလာနိုင်သော်လည်း ရင်ဆိုင်ရန် အသင့်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများက ပြောဆိုကြသည်။

“ထောင်ကျပေမယ့် သွေးမအေးဘူးဆိုတာကို ပြချင်တာပါ” ဟု နိုင်ငံရေးအကျဉ်းသားများ၏ အလှူအကြောင်း သိရှိထားသည့် နွေဦးရောင်ခြည်အဖွဲ့က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက ကောလင်းမြို့ကို စစ်ကြောင်း ၅ ကြောင်း အင်အား ၁၀၀၀ နီးပါးဖြင့် ထိုးစစ်ဆင်ပြီး မြို့ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ စတင်သိမ်းပိုက်ခဲ့စဉ်က ကောလင်းမြို့ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top