အမျိုးသား အသက်(၁၈)နဲ့(၃၅)နှစ်အတွင်း၊ အမျိုးသမီး အသက်(၁၈)နဲ့(၂၇)နှစ်အတွင်း အရွယ်တွေ စစ်မှု ထမ်းရမယ်လို့ မင်းအောင်လှိုင် အမိန့်ထုတ်
မြန်မာနိုင်ငံသား အမျိုးသား ဖြစ်လျှင် အသက်(၁၈)နဲ့ (၃၅)နှစ်အတွင်း၊ အမျိုးသမီး ဖြစ်လျှင် အသက်(၁၈)နဲ့(၂၇)နှစ် အရွယ်တွေ အနည်းဆုံး နှစ်နှစ်ကနေ အများဆုံး ငါးနှစ်အထိ စစ်မှုထမ်းရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဒီနေ့ အမိန့်ထုတ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က အာဏာရှင်ဟောင်း သန်းရွှေ ရေးဆွဲထားတဲ့ “ပြည်သူ့ စစ်မှုထမ်းဥပဒေ” လို့ အမည်ပေးထားတဲ့ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၁ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဒီနေ့ ဖေဖေါ်ဝါရီ(၁၀)ရက်က စတင်ပြီး အသက်ဝင်ကြောင်း ကြေညာတာ ဖြစ်ပါတယ်။
ဥပဒေ မလိုက်နာပါက၊ တနည်းအားဖြင့် စစ်မှုမထမ်းပါက ထောင်ငါးနှစ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။
အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်တပ်ထဲဝင်ရမည့်ဥပဒေ စစ်ကောင်စီအသက်သွင်း
စစ်ထဲဝင်ရန် ငြင်းဆိုပါက ထောင် ၅ နှစ်အထိချနိုင်
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေအမိန့်ဖြင့် ၂၀၁၀ ကတည်းက ပြဋ္ဌာန်းခဲ့သည့် အရွယ်ရောက်သူတိုင်း စစ်တပ်ထဲတွင် အချိန်အကြာဆုံး ၅ နှစ်အထိ ဝင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်သည်ဟု ယနေ့တွင် ကြေညာလိုက်သည်။
ထိုဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။
အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။
စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများသည် စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းနိုင်သည်။
စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများသည် သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ ကျန်းမာရေးအဆင့်မမီကြောင်း စစ်တပ်ထောက်ခံချက်ရထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများ ဖြစ်သည်ဟုလည်း ထိုဥပဒေက ဆိုသည်။
နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့်ဥပဒေ ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီကြေညာ
အသက်ပြည့်တဲ့ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ သူထိန်းချုပ်ထားတဲ့ သတင်းမီဒီယာတွေကနေ ကြေညာလိုက်ပါတယ်။
ဒီဥပဒေမှာ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ် အထိ သတ်မှတ်ထားပါတယ်။
အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေဖြစ်မယ်ဆိုရင် အမျိုးသားကို အသက် ၁၈ နှစ်ကနေ ၄၅ နှစ် အထိ သတ်မှတ်ထားပြီး အမျိုးသမီးကိုတော့ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။
စစ်တပ်မှာ နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး စစ်ကောင်စီက စစ်မှုလက်မှုပညာသည်တွေအဖြစ် ဆင့်ခေါ်ခံရသူတွေဆိုရင်တော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ရင်တော့ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဲဒီအဖွဲ့ကနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူတွေ၊ မူးယစ်ဆေးဝါးဖြတ်၊ ဆေးကုနေရသူတွေနဲ့ ထောင်ကျနေသူတွေကတော့ တာဝန်ထမ်းဆောင်ဖို့ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။
သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ကနေကင်းလွတ်ခွင့်ပြုသူတွေကတော့ တာဝန်ထမ်းဆောင်စရာမလိုဘူးလို့ ဖော်ပြထားပါတယ်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုး ထုတ်ပြန်ခဲ့တဲ့ ဒီဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်ကျင့်သုံးဖို့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာလိုက်တာ ဖြစ်ပါတယ်။
Leave a Reply