စခအောက်တော့မဝင်နဲ့ လူသားဒိုင်းဖြစ်သွားမယ်

ကဲဗျာ..ဘယ်မှမသွားနဲ့ဒီကိုလာပါ ညီအကိုတို့။

စခအောက်တော့မဝင်နဲ့ လူသားဒိုင်းဖြစ်သွားမယ်

🚩A warm welcome…….🧡🩷🩵🤍

နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆိုပါသည်။

“ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူခြင်း”

သတ်မှတ်ချက်များ

၁။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်။

၂။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

၃။တော်လှန်ရေးကို ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ ဖြစ်ရမည်။

၄။မိမိအပေါ်ပေးအပ်လာသော မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

၅။အမိန့်နာခံတတ်သူ ဖြစ်ရမည်။

၆။ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိ၍ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံနိုင်ပြီး စွန့်စားဝံ့သူဖြစ်ရမည်။

၇။ပညာအရည်အချင်း အထက်တန်းအဆင့်ဦးစားပေးမည်။

အထက်ပါအချက်များနှင့် ကိုက်ညီသူ ကျား/ မ မရွေးလျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် form link :

Google form ပါအချက်အလက်၊ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို အွန်လိုင်းမှတဆင့် လူတွေ့မေးမြန်းသွားမည်ဖြစ်သည်။

စကစရဲ့လူသားဒိုင်းအဖြစ်အသုံးချခံအနေဖြင့်အလကားအသက်မဆုံးရှုံးရစေဖို့ရန်ကုန်တပ်ရင်းသို့စာရင်းပေးကြစို့

ရန်ကုန်မှာပြန်ဆုံဖို့ရန်ကုန်တပ်ရင်းသို့အားဖြည့်ချီတက်ကြပါစို့

အားလုံးပဲရန်ကုန်မှာပြန်ဆုံကြမယ်

ငါတို့မှာငါတို့ရှိတယ်

ရန်ကုန်တိုင်းစစ်ဌာန

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

Leave a Comment