စစ်ကောင်စီတပ်သားများ မြေပုံမြို့ကိုစွန့်ခွာ

စစ်ကောင်စီတပ်သားများ မြေပုံမြို့ကိုစွန့်ခွာစဉ် သင်္ဘောဆိပ်တွင် ကျန်နေခဲ့သည့် စစ်ပစ္စည်းများ (ဓာတ်ပုံသတင်း)

ယနေ့ နံနက် အစောကြီး ၁ နာရီ ၁၀ မိနစ်ခန့်တွင် မြေပုံရှိ စကစအဖွဲ့ဝင်များ အားလုံး မြို့ကိုစွန့်ခွာ တပ်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။

ယခုဓာတ်ပုံတွင် မြင်တွေ့ရသည့် စစ်ပစ္စည်းများမှာ သင်္ဘောဆိပ်တွင် ကျန်နေခဲ့သည့် စစ်လက်နက် ခဲယမ်းများဖြစ်ပါသည်။

နိရဉ္စရာက စုံစမ်း သိရှိရသလောက် ရခိုင်လူမျိုး စစ်ကောင်စီ ဗိုလ်မှူးဦးဝင်းကျော် ဦးစီးပြီး မြေပုံမြို့ တောင်ဖလာစစ်ဆေးရေးဂိတ်၊ မိုက်ကရိုတောကျောင်းနှင့် ပုလဲကွင်းတို့မှ စစ်ကောင်စီတပ်သားများဖြစ်ကြပြီး စစ်သားအင်အား ၁၀၀ ကျော်နှင့် မိသားစုပါပေါင်းလျှင် စုစုပေါင်း ၃၀၀ ခန့် ရှိကြောင်း သိရသည်။

၎င်းတို့အား ဇက်ရေယာဉ် ၂ စီးဖြင့် လာရောက် ခေါ်ဆောင်သွားသည်ဟု ပြောဆိုပါသည်။

Leave a Comment