တမူးမြို့နယ်၊ စစ်ကောင်စီ၏ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်သိမ်း

တမူးမြို့နယ်၊ စစ်ကောင်စီ၏ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျစခန်းကုန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောကြားသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် တမူးမြို့အထက်ပိုင်းရှိ စစ်ကောင်စီနှင့် လက်အောက်ခံ SNA ၊ ကသည်းလက်နက်ကိုင် အခြေချစခန်းတစ်ခုဖြစ်သည့် အောင်ဇေယျစခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြင်း အထန် တိုက်ပွဲဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် စခန်း ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပထမ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ သိမ်းပိုက်တုန်းက ထိန်းချုပ်မထား နိုင်လိုက်လို့ လက် လွှတ်ခဲ့ရတာ၊ အခုကတော့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက် တော့တာပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကူးကီးအမျိုးသားတပ်မတော်နှင့် မဟာမိတ် ပူးပေါင်းတပ်များက တိုက် ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ Helicopter ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ ဒုတိယအကြိမ်ဖြစ် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး မစိုးရိမ်ရ အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top