ကောလင်းမြို့ကို စကစ ပြန်သိမ်း

ကောလင်းမြို့ထဲတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ အထိနာ၍ မြို့ပေါ်ရပ်ကွက်များကို စစ်သားများက မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြား အထိနာနေသဖြင့် အကြမ်းဖက်စစ်တပ်က မြို့ပေါ်ရပ်ကွက်များကို မီးရှို့ဖျက်ဆီးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းများကပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ရက် နံနက် ၆နာရီမှစ၍ ကောလင်းမြို့ကို လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အသုံးပြု၍ စစ်သား အင်အားထောင်ချီဖြင့် ကောလင်းမြို့တစ်ခုလုံးကို ဝင်ရောက်နိုင်ရန် စစ်ကောင်စီတပ်က ကြိုးစားလာကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ နေ့လယ်ပိုင်းတွင် ကောလင်းမြို့မဈေး၊ ကားကြီးကွင်း၊ ကျော်ဇေယျာရပ်ကွက်နှင့် အောင်သီရိရပ်ကွက်တို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ကောလင်းမြို့ထဲကို ဒီကောင်တွေ ဝင်နိုင်ဖို့ကြိုးစားနေတာ။ ကိုယ့်ဘက်ကလည်း အတတ်နိုင်ဆုံး အစွမ်းကုန်တိုက်ထုတ်နေတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက မြို့အစွန်ကို စဝင်လာပြီး တိုက်ပွဲဖြစ်လိုက် အထိနာတော့ ပြန်ဆုတ်ပြီး မြို့နားကရွာတွေကို မီးရှို့လိုက် လုပ်နေတာ။ ဒီတစ်ခါတော့ မြို့မဈေးနဲ့ မြို့အစွန်ရပ်ကွက်တွေက အိမ်တွေကို မီးရှို့နေပြီ။ တွေ့သမျှ ပြည်သူတွေကိုလည်း သတ်ပစ်တယ်လို့ သိရတယ်”ဟု ကောလင်းမြို့မှ ကာကွယ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် အင်အားတစ်ထောင်နီးပါး အသုံးပြု၍ ထိုးစစ်ဆင်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဟောင်းဝစ်ဇာအမြှောက်ကြီးများဖြင့် ပစ်ခတ်ခြင်း စသည့် နည်းမျိုးစုံ အသုံးပြု၍ ကြိုးပမ်းနေဆဲဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ထုတ်မှုကြောင့် ၁၀ရက် ကြာသည်အထိ မြို့မကျသေးဘဲ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားလျက်ရှိကြောင်း သူက ဆက်ပြောသည်။

ကောလင်းမြို့ မြေပြင်တိုက်ပွဲများတွင် အထိနာနေသော အကြမ်းဖက်စစ်တပ်က စစ်ကူအဆင်သင့် ခေါ်နိုင်ရန်အတွက် မိုင်၄၀ခန့်သာ ကွာဝေးသည့် ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်း-၆၀၀၆တွင် စစ်သားနှင့် ပျူစောထီးများကို အသင့်အနေအထား ထားရှိကြောင်း၊ ရဟတ်ယာဉ်များ အသင့်ပြင်ဆင်ထားလျက်ရှိကြောင်း ကန့်ဘလူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။

တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်တိုက်ပွဲများတွင် အရှက်တကွဲအရေးနိမ့်နေသည့် စစ်ကောင်စီတပ်က ဂုဏ်သိက္ခာပြန်ဆယ်နိုင်ရန်အတွက် ရှိသမျှအင်အားကို သုံး၍ ကောလင်းမြို့ကို ရရှိရေး အပြင်းအထန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ကောလင်းမြို့ခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

‼️12-2-2024

ကောလင်း

ယခင် ရက်ကအနည်းငယ်အေးသော ကောလင်းမြို့ပေါ် တွင် ယနေ့ တနေ့လုံးတိုက်ပွဲပြင်းထန်စွာဖြစ်ပွါးလျှက်ရှိ။

မြို့ထဲ ဇွတ်အတင်းဝင်လာကြသောပြည်သူအချို့ စခတွေ၏ဖမ်းဆီးဿတ်ဖြတ်ခံရဟုသိရ။

မီးလောင်ကျွမ်းမှု နေရာများစွာရှိ၊စျေး၊ငပွေးကြီး ၊ကားကြီးကွင်း၊ ကျော်ဇေယျာတို့ တွင်ဖြစ်သည်။ စကစတွေအထိနာ။ ကိုယ့်ဘက်လည်းထိခိုက်မှုတွေရှိဟုသိရ။

Kawlininfo

ကောလင်း

13.2.2024 kawlin at 8:00 am

ကောလင်းမြို့၏ အဓိကကျသော နေရာများအား
စစ်ကောင်စီမှ အပြည့်အဝထိန်းချုပ်ထားပြီးဖြစ်ပြီး
တိုက်ပွဲများ လတ်တလော ခတ္တငြိမ်သက်နေကြောင်း
သတင်းရရှိထားပါတယ်ခင်ဗျာ။

KR-Teams


Comments

Leave a Reply

Your email address will not be published. Required fields are marked *