နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ နားဘူးအိုင်ဘက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်း ထိုး လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဖောင်ချဉ်းကျေးရွာအနီး အရောက် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နာရီ ခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လက်ရှိ ခွေးစစ်ကြောင်းက တည်ပင်ရွာမှာရောက်နေတယ်၊ အခုတော့ အထုပ်အပိုးတွေ ပြင်နေ တယ်၊ ဘယ်ထွက်မလဲဆိုတော စောင့်ကြည့်နေကြတုန်းပဲ၊ အဲဒီခွေး ၁၀၀ ပါစစ်ကြောင်းက မန္တလေး ဘက်ကနေ ဆင်းလာတဲ့စစ်ကြောင်းလို့ သိရတယ်၊ မနေ့ကတော့ တိုက်ပွဲမဖြစ်ဘူး၊” ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ နွားထိုး ကြီးမြို့နယ် ပကဖ ၊ MDY PDF၊ ရွှေခြံသားပြောက်ကျား တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကြားတပ်ဖွဲ့၊ မြင်းခြံ မြို့နယ် ပကဖ နှင့် Myingyan District Drone Strike (MDDS)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး နွားထိုးကြီး PDF တပ်ဖွဲ့မှ တပ်ဖွဲ့တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက် နေ့က နွားထိုးကြီးမြို့နယ်၊ ဝက်လူးဘက်မှ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ဆူးဖြူကုန်းကျေးရွာအရောက် Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက် ခဲ့ကြောင်း သိရ သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *