ဘားအံ – မြဝတီ (အာရှလမ်းပိုင်း) နှင့် မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း ကို စိုးမိုးထိန်းချုပ်

ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်း စစ်ဆင်ရေးတွင် စစ်တပ်စခန်းများ သိမ်းပိုက်ရရှိပြီး စစ်သား ၃၀ ဦးသေဆုံးကာ စစ်သား ၁၄ ဦး လက်နက်ချ အညံ့ခံ

ဘားအံ – မြဝတီ (အာရှလမ်းပိုင်း) နှင့် မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း ကို စိုးမိုးထိန်းချုပ်

ကရင်ပြည်နယ်၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်း စစ်ဆင်ရေးတွင် စစ်တပ်စခန်းများ သိမ်းပိုက်ရရှိပြီး စစ်သား ၃၀ ဦးသေဆုံးကြောင်း၊ အညံ့ခံသူ စစ်သား ၁၄ ဦးရှိပြီး လက်နက် ၄၆ လက်ရရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ အထူးတပ်ဖွဲ့ တပ်ဖွဲ့မှူး ကိုအောင်စံရှားကပြောဆိုသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ KNU တပ်မဟာ ၆ နယ်မြေ၊ ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများကို KNLA ၊ PDF နှင့် SOF ၊ ဒရုန်း ပူးပေါင်းတပ်များက စတင်ထိုးစစ်ဆင်၍ ပူးပေါင်းစစ်ဆင်ရေး​ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ စစ် တပ်ဘက်မှ လက်နက်ချအညံ့ခံသူ စစ်သား ၁၄ ဦးရှိပြီး သေဆုံးသူ စစ်သားအရေအတွက် ၃၀ ဦး ရှိကြောင်း၊ စစ်တပ်ထံမှ လက်နက် ၄၆ လက်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် ရဲဘော် ၇ ဦး ကျဆုံးခဲ့ရကြောင်း၊ စစ်တပ်၏ လေယာဥ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကော့ကရိတ်တောင်ဘက်ခြမ်းရှိ ကော့နွယ်စခန်းကုန်း နှင့် လှိုင်ဝတံတားဂိတ်၊ ကြာပန်းဂိတ်ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ ကော့ကရိတ်မြောက်ဘက်ခြမ်းရှိ စစ်တပ် အထိုင်ချတပ်စွဲထားသော အမှတ် ၃ ဂိတ် ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နေ့ တွင် ဘားအံ – မြဝတီ (အာရှလမ်း)ပေါ်ရှိ ကမိုင်ကုန်းသင်္ချိုင်းကုန်းတွင် တပ်စွဲထားသော စစစ်တပ်အထိုင်စခန်းကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကော့ကရိတ်ချောင်းတောင်ရပ်ကွက်ရှိ စာသင်ကျောင်းတွင်တပ်စွဲထားသောနေရာ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် တောင်ကြာအင်းရဲစခန်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင် ဘားအံ – မြဝတီလမ်း (အာရှလမ်းပိုင်း) ပေါ်ရှိ စစ်ကောင်စီ၏အထိုင်စခန်းများဖြစ်သော ရေကူးကန် နှင့် ဆီဆိုင် ဂိတ်စခန်းများကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ကာ ဘားအံ – မြဝတီ (အာရှလမ်းပိုင်း) နှင့် မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်း ကို စိုးမိုးထိန်းချုပ်ထားလျက်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *