လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သည် စိုးမိုးနယ်မြေများအချိန်နှင့်အမျှ ဆုံးရှုံးနေပြီးထွက်ပေါက်မရှိ
သည့် မြို့အတွင်းဘက်ကို ဆုတ်ခွာနေရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောသည်။
ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။
“ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး လိုအပ်တဲ့ ရလဒ်တစ်ခုကို ရနိုင်ဖို့ ကျနော်တို့တွေ အကောင်းဆုံး အာရုံစိုက်ထားကြရမှာပါ”ဟု အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။
ကရင်နီပြည်နယ်ကိုပြန်ယူရေး နှင့်ပြည်သူ့အစိုးရ တည်
ဆောက်ရမည်ဆိုသည့် ရည်မှန်းချက်များ ဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ ရဲဘော်များသည် စစ်ကောင်စီ ကို တိုက်ခိုက်နေသည်ဟုလည်း အသိပေးသည်။
စစ်ကောင်စီအနေဖြင့် ကာကွယ်ခုခံရန် ၎င်းတို့၏ အခြေ
စိုက် စခန်းများနှင့် စစ်တန်းလျားများသာ ရှိတော့ကြောင်း KNDF တာဝန်ရှိသူက ပြောသည်။
“ရန်သူတွေနဲ့ အိမ်နီးချင်းအနေအထားမှာ အနီးကပ်ဆုံးရှိနေကြတဲ့ ရှေ့တန်းစစ်မြေပြင်က ကရင်နီတပ်ပေါင်းစု ရဲဘော်တွေအများစုရဲ့တစ်နေ့တာကတော့ ကြုံဖူးခဲ့သမျှတိုက်ပွဲ တွေထက် ဖြတ်သန်းရတာ ပိုပြီးခက်ခဲကြမ်းတမ်းမယ်ဆိုတာ အဆောက်အုံအပျက်အစီးတွေကို မြင်ရင် သတိထားမိပါလိမ့်မယ်”ဟု လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၏ မြေပြင် အခြေအနေကို ၎င်းက ရှင်းပြသည်။
သို့သော် မပြီးဆုံးသေးသည့် တိုက်ပွဲမှ စမ်းသပ်မှု၊ စိန်ခေါ်မှုများကို ယိုင်လဲသွေဖယ်မသွားဘဲ ပြည် သူလူထုအတွက် ခိုင်ခံ့သော အကာအကွယ်ဖြစ်ရန် ပေါင်း စည်းရှေ့ဆက်ကြရန်လည်း တိုက်တွန်းထားသည်။
လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေ ဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး အလံဖြူထောင်လက်နက်ချသောစစ်သုံ့ပန်းဆယ်နှင့်ချီ၍လည်းရှိခဲ့သာ်။ လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၊အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားသည်။ ကရင်နီတော်လှန်ရေးအဖွဲ့များကလည်းထိခိုက်ကျဆုံးမှုရှိခဲ့သည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခြေလျင်တပ်ရင်းများဖြစ်သော- ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ( ၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိ သည်။
Leave a Reply