ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို မိုင်းခွဲတိုက် ခိုက်

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို ယနေ့ ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန် ဒဂုံမြို့နယ်၊အမှတ် (၆၁-၆၃)တိရစ္ဆာန် ရုံလမ်းရှိအကြမ်းဖက်စစ်တပ်ပိုင် MyTel ကုမ္ပဏီ ရုံးချုပ်ကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဒီညနေ ပေါက်ကွဲသံအကျယ်ကြီးတော့ တိရိစ္ဆာန်ရုံဘက်က ကြားရတယ်။ အတော် ကိုကျယ်တာ” ဟု ယောမင်းကြီးလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု အခြေအနေ ရှိ၊ မရှိ အတိအကျ မသိရှိရသေးပေ။

ပြည်သူများကို နည်းမျိုးစုံဖိနှိပ်နေသော မင်းအောင်လှိုင်နှင့်ဆက်စပ်နေသာသူများအားလုံးကိုလည်းကောင်း၊ ပြည်သူအားစစ်မူ့မထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသောသူအားလုံးကို အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

My Telကုမ္ပဏီကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူပိုင်ဆိုင်သော အောင် မြင့်မိုရ်မင်းကုမ္ပဏီ (My Tel)ကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူက ပြောသည်။

“စစ်မူ့ထမ်းဥပဒေကိုဆန့်ကျင်ကြောင်းရယ်။ အဲ့ဥပဒေကို အတည်ပြုဖို့လုပ်နေတဲ့ရပ်ကွက်ထဲက(×××)တွေရယ်ကို သတိထားကြဖို့ပါ။မအလရဲ့သားသမီးတွေရဲ့စီးပွားရေးလုပ်ငန်းတွေကိုလဲရသလောက်တိုက်ခိုက်သွားမှာပါ”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၂၈ရက် ညနေ ၆နာရီခန့်တွင် အနောက်ပိုင်းခရိုင် ပကဖအဖွဲ့ နှင့် Yangon Army တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးစောင့်နေသည့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိသည်ဟု ဆိုသည်။

“အသံအကျယ်ကြီးပဲ”ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Yangon Army အနေဖြင့် ပြည်သူများကို မျိုးစုံ နှိပ်စက်အနိုင်ကျင့်နေသော မင်းအောင်လှိုင်နှင့် ဆက်စပ်နေသူအားလုံးနှင့် မတရားဥပဒေ ဖြစ်သော စစ်မှုထမ်းဥပဒေအတွက် အားပေးအားမြှောက်လုပ်ဆောင်နေသူများကို ထိထိရောက်ရောက်တိုက်ခိုက်သွားမည်ဟု Yangon Army က သတိပေးထားသည်။

“နောက်ထပ်ပစ်မှတ်ကြီးများကိုလဲ ကျွန်ုပ်တို့ မဟာမိတ်များပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်‌ ချေမှုန်းသွားမည်ဖြစ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော နေရာများနှင့် ဝေးဝေးနေထိုင်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု ယင်းအဖွဲ့က အသိပေးထားသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် ဖွင့်လှစ်ပေးခဲ့သော ရန်ကုန်မြို့ရှိ Mytel ကုမ္ပဏီရုံးချုပ်။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *